www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 22, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပ သမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ဥရောပ သမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Roland KOBIA အား 
လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၂-၈-၂၀၁၅

တည်ငြိမ် အေးချမ်းမှု၊ စည်းလုံး  ညီညွတ်မှုတို့ အပေါ်တွင် အခြေခံပြီး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်မှ အခြားနိုင်ငံများ နည်းတူ တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် နိုင်မှာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကိစ္စ မဆောင်ရွက်ဘဲ ဒီမိုကရေစီ လမ်းကြောင်း အပြည့်အဝ အောင်မြင်နိုင်မည် မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးမည့် အဖွဲ့များအား ကြိုဆိုနေ ပါကြောင်း၊ နိုင်ငံ၏ အစိတ်အပိုင်း တစ်ခု အေးချမ်း သွားပါက ယင်း အစိတ်အပိုင်း ကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် လိုသည်မှာ မိမိတို့၏ ပြင်းပြသော ဆန္ဒဖြစ်ကြောင်း၊ သမ္မတကြီး ကလည်း အလားတူ ဆန္ဒရှိနေ ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဥရောပ သမဂ္ဂအဖွဲ့ရုံး မှ သံအမတ် ကြီး H.E. Mr. Roland KOBIA အား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး ဥရောပ သမဂ္ဂအဖွဲ့ရုံး မှ သံအမတ်ကြီး နှင့် နိုင်ငံရေး အကြံပေး Dr. Colin Steimbach တို့ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဧည့်သည်တော် သံအမတ်ကြီးက လွန်စွာ ကြောက်မက်ဖွယ် ကောင်းသည့် မြန်မာနိုင်ငံ၏ ရေကြီးမှု သဘာဝ ဘေးအန္တရာယ် နှင့် ပတ်သက်၍ တပ်မတော်မှ ကယ်ဆယ်ရေး လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်မှု၊ မြန်မာ တစ်နိုင်ငံလုံး မှ ပြည်သူ၊ ပြည်သား အပေါင်းက ရေဘေး ဒုက္ခသည်များအား စုစည်း ညီညွတ်စွာ ကူညီ ထောက်ပံ့ပေးမှု များအား ကိုယ်တိုင် တွေ့မြင်ရသည့် အတွက် ချီးကျူး ဂုဏ်ပြု ပါကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကိစ္စရပ်များ၊ မကြာမီ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ် များအား ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger