www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 21, 2015

၂၁ ရာစု၏ လူသေပျောက်မှု အများဆုံးရောဂါ အဖြစ် အပူလှိုင်းကြီးများ စာရင်းဝင်


China heatwave expected to get even worse

ဝါရှင်တန် ၊ ၂၁-၈-၂၀၁၅

၂၁ ရာစုတွင် လူအသေအပျောက် အများဆုံး ရောဂါအဖြစ် အပူလှိုင်း ကြီးများ ဝင်ရောက်မှုကြောင့် သေဆုံးသူ ဦးရေ အများဆုံး ဖြစ်နေကြောင်း သိပံ္ပ ပညာရှင် များက တွေ့ရှိ လာရသည်။

အပူရှိန် မြင့်တက်မှု ကြောင့် ကမ္ဘာတစ်ဝန်း အပူလှိုင်း ကြီးများ ကျရောက် ခဲ့ရပြီး ဥရောပ၊ အမေရိက၊ အိန္ဒိယ နှင့် အာဖရိက တို့တွင် သမိုင်း တွင်လောက်အောင် အပူလှိုင်းများ ကျရောက်နေ ရသည်။

လက်ရှိတွင် အီဂျစ်နိုင်ငံ၌ အပူလှိုင်း ဝင်ရောက်လျက် ရှိကာ လူပေါင်း ၆ဝ ကျော် သေဆုံးခဲ့ရပြီး လူအများအပြား ဆေးရုံ တင်ထား ရှိသည်။ အပူချိန် ၄၇ ဒီဂရီ မြင့်တက်ခဲ့ပြီး ဆက်လက်၍ ဆေးရုံ ရောက်မည့် လူနာများ များပြားဖွယ်ရှိ နေသည်။

ပြီးခဲ့သော သုံးလက အိန္ဒိယ နိုင်ငံတွင်လည်း အပူလှိုင်း ဝင်ရောက် မှုကြောင့် လူပေါင်း ၂ဝဝဝ ကျော် သေဆုံးခဲ့ ရပြီး ဖြစ်သည်။

ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်ခြင်း ကြောင့် ကမ္ဘာတစ်ဝန်း အပူလှိုင်း ဝင်ရောက်မှုများ မကြာခဏ ဖြစ်ပေါ် နေရကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) နှင့်ကမ္ဘာ့ မိုးလေဝသ ဌာနကြီး (WMO) တို့က သတိပေးချက်များ ထုတ်ပြန် ထားရှိသည်။

WMO ၏ သတင်း ထုတ်ပြန်ချက် အရ ၂၁ ရာစုအတွင်း အပူဆုံး နှစ်များ ၁၅ ကြိမ် ဖြစ်ခဲ့ကြောင်း ကမ္ဘာကြီး ပူနွေး လာမှုကြောင့် အပူချိန် မြင့်တက်မှုနှင့် လူသားများ၏ အသက် အန္တရာယ်ကို လုံခြုံမှု မရှိ ဖြစ်စေကြောင်း နှင့် ရာသီဥတု ပုံစံများ ပြောင်းလဲ သွားစေကြောင်း သိရသည်။

သက်ဆိုင်ရာ အစိုးရ အနေဖြင့် အပူလှိုင်း ကြီးများ ဒဏ်ကို အံ့သြဖွယ်ရာ ပင်တွေ့ရှိခဲ့ ရပြီးဖြစ်၍ အစိုးရ အသီးသီးမှ အပူလှိုင်း အန္တရာယ် ကြိုတင် သတိပေးချက် စနစ်များ ထားရှိကာ WHO နှင့် WMO တို့နှင့်လည်း ဆက်သွယ်မှုများ ပြုလုပ်ထားရန် အကြံပြု ထားရှိသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger