www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 5, 2015

(၄၈)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ စာပို့တံဆိပ်ခေါင်း အသစ်များ ရောင်းချမည်



နေပြည်တော် ၊ ၅-၈-၂၀၁၅

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်းမှ ၂ဝ၁၅ ခုနှစ် သြဂုတ် ၈ ရက်တွင် ကျရောက်သော (၄၈)နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့ Joint Stamp Issue of ASEAN Community အထိမ်းအမှတ် စာပို့ တံဆိပ်ခေါင်း အသစ်အဖြစ် ၁ဝဝ ကျပ်တန်နှင့် ၅ဝဝ ကျပ်တန် နှစ်မျိုးကို ၂ဝ၁၅ ခုနှစ် သြဂုတ် ၈ ရက် စနေနေ့ နံနက် ၉ နာရီမှ စတင်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စာတိုက် များတွင် ရောင်းချ သွားမည် ဖြစ်သည်။

အဆိုပါ စာပို့ တံဆိပ်ခေါင်း သစ်သည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ စာတိုက် လုပ်ငန်းများ၏ အာဆီယံ စီးပွားရေး  ပူးပေါင်းမှု အဖွဲ့ (AEC- ASEAN Economic Community) နှင့်ပူးပေါင်း၍ အာဆီယံနိုင်ငံ များအားလုံးတွင် ယခု တံဆိပ်ခေါင်းပါ ဒီဇိုင်းဖြင့် ထုတ်ဝေ ရောင်းချခြင်း ဖြစ်ပြီး အထူး အစီအစဉ် တစ်ရပ် အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေး စာတိုက် ကြီး တို့တွင် ၂ဝ၁၅ ခုနှစ် သြဂုတ် ၈ ရက်တွင်ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများ ပေါ်၌ နေ့စွဲ အမှတ်အသား တံဆိပ်ရိုက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger