www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 17, 2015

Chevrolet Engine နှင့် GearBox တစ်စုံကို ရန်ကုန်နည်းပညာ တက္ကသိုလ် (အင်းစိန်)သို့ လှူဒါန်း



ရန်ကုန် ၊ ၁၇-၇-၂၀၁၅

မော်တော်ယာဉ် နှင့် ပတ်သက်သော မျိုးဆက်သစ် ပညာရှင်များ ပေါ်ထွက် လာစေရန် Automotive Service Educational Program အစီအစဉ်အရ Chevrolet Myanmar မှ Chevrolet Engine နှင့် GearBox တစ်စုံကို ရန်ကုန် နည်းပညာ တက္ကသိုလ် (အင်းစိန်) သို့ ယမန်နေ့ နံနက်ပိုင်းတွင် ပေးအပ် လှူဒါန်းကြောင်း သိရသည်။

မြန်မာနိုင်ငံမှ မျိုးဆက်သစ် နည်းပညာ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စက်များ၊ အင်ဂျင်များ၊ ဂီယာပေါက် System များ၏ တည်ဆောက်မှု အဆင့်ဆင့်အား ယနေ့ခေတ် ပြောင်းလဲ လာသော နည်းပညာ များကို စာတွေ့ လက်တွေ့ လေ့လာသင်ယူ နိုင်ရန် လှူဒါန်းရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရန်အတွက် မော်တော်ကား လုပ်ငန်း အခန်းကဏ္ဍ ဖွံ့ဖြိုးရေးသည် အလွန်အရေး ပါကြောင်း၊ Chevrolet Myanmar နှင့် Automotive Service Educational Program တို့ ပူးပေါင်းပြီး ယခုလို နည်းပညာ ကျောင်းများကို လှူဒါန်းခြင်း ဖြစ်ကြောင်း ဒေါက်တာ စောနေနွယ်က ပြောကြားသည်။

Chevrolet Myanmar အနေဖြင့် အင်းစိန် နည်းပညာ တက္ကသိုလ် အပါအဝင် ရန်ကုန်တိုင်း ဒေသကြီး၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့ရှိ နည်းပညာ တက္ကသိုလ် များသို့ Chevrolet Engine နှင့် GearBox တွဲလျက် အလုံး ၃ဝ ကို ကျောင်းသား ၊ ကျောင်းသူများ စာတွေ့ လက်တွေ့ လေ့လာသင်ယူ နိုင်စေရန် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger