www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 8, 2015

အထက်တန်းပြရာထူး အရည်အချင်းစစ် စာမေးပွဲများကို ယခုလ ဒုတိယပတ်တွင် စစ်ဆေးမည်


ရန်ကုန် ၊ ၈-၇-၂၀၁၅

မြန်မာနိုင်ငံ အခြေခံပညာရေး ကဏ္ဍတွင် ဆရာ လိုအပ်ချက် ဖြည့်ဆည်း နိုင်ရန် အထက်တန်းပြ ရာထူး အရည်အချင်းစစ် စာမေးပွဲများကို ယခုလ ဒုတိယပတ်တွင် စစ်ဆေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ပညာရေး ဝန်ကြီးဌာနမှ အထက်တန်းပြ ရာထူးအတွက် အထက်တန်းပြ ရာထူးတိုး လျှောက်လွှာ များကို ခေါ်ယူခဲ့ပြီး ဖြစ်ကာ အထက်တန်းပြ ရာထူးတိုး လျှောက်ထားသူ များအနက် ရိုးရိုးဘွဲ့ရ အလယ်တန်းပြ၊ မူလတန်း ကျောင်းအုပ် လုပ်သက် ၁ဝ နှစ်နှင့် အထက်ရှိ ဆရာ၊ ဆရာမများအား ၂ဝ၁၅ ခုနှစ် ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ အရည်အချင်းစစ် စာမေးပွဲ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ စစ်ဆေးပြီး မှသာ အရည်အချင်း ပြည့်ဝသော ဆရာ ၊ ဆရာမများအား ရွေးချယ်ကာ အထက်တန်းပြ ဆရာ၊ ဆရာမ အဖြစ် ခန့်အပ်ခွင့်ပြု သွားမည် ဖြစ်ကြောင်း သိရသည်။

စာမေးပွဲ ဖြေဆိုသူများ အနေဖြင့် ဘွဲ့ယူစဉ်က အဓိက ဘာသာရပ်ကို ဖြေဆိုရမည် ဖြစ်ပြီး သိပံ္ပဘွဲ့ရ သူများသည် သချာင်္၊ ဓာတု၊ ရူပ၊ ဇီဝ စသည့် ဘာသာရပ်များ ထဲမှ မိမိ အဓိက ယူခဲ့သော ဘာသာရပ်ကို လည်းကောင်း၊ ဝိဇ္ဇာဘွဲ့ ရရှိ သူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီ၊ သမိုင်း၊ ဘောဂ စသည့် ဘာသာရပ် များထဲမှ မိမိအဓိက ယူခဲ့သော ဘာသာရပ် သို့မဟုတ် မိမိနှစ်သက်ရာ ဘာသာရပ် တစ်ခုကို ရွေးချယ်ပြီး တက္ကသိုလ် ဝင်တန်း အဆင့်ရှိ ၃ နာရီမေးခွန်းကို ရေးဖြေ ဖြေဆိုရမည် ဖြစ်ကြောင်း၊ စာမေးပွဲကို ရိုးရိုးဘွဲ့ရ အလယ်တန်းပြ၊ မူလတန်း ကျောင်းအုပ် ဘီအီးဒီ စာပေးစာယူ (ဒုတိယနှစ်၊ ပထမနှစ်) စာမေးပွဲ (၂ဝ၁၅ ခုနှစ်မေလ)တွင် ဖြေဆို ထားသူများ၊ ၂ဝ၁၅ ခုနှစ်တွင် ဘီအီးဒီ စာပေးစာယူ ပထမနှစ် တက်ရောက်ခွင့် ရရှိသူများ၊ M.A ၊M.Sc ၊ M.Res ဘွဲ့ရရှိသူများ စာမေးပွဲဖြေဆိုရန် မလိုကြောင်း သိရသည်။

ထို့အပြင် ခရိုင် ပညာရေးမှူး များနှင့် မြို့နယ် ပညာရေးမှူး များသည် ရာထူးတိုး လျှောက်ထားသော အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရမည့် ဆရာ၊ ဆရာမများအား အမြန်ဆုံး အကြောင်းကြား ရန်နှင့် မသိရှိ သောကြောင့် မဖြေဆို လိုက်ရသည့် အဖြစ်မျိုး မပေါ်ပေါက် စေရန် အထူး သတိပြုရမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ အကြောင်းကြား ထားကြောင်း၊ ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ်တွင် အခြေခံပညာ ကဏ္ဍ၌ ဆရာ လိုအပ်ချက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ အရ စုစုပေါင်း ၃၆၄ဝ၃ ဦးရှိပြီး ယခု ပညာသင်နှစ် အတွက် တစ်နိုင်ငံလုံး အတိုင်းအတာ အရ မူလတန်းပြ ဆရာ အရေအတွက် ၂၄၃၅၉ ဦး၊ အလယ်တန်းပြ အရေအတွက် ၆၆၁၃ ဦးနှင့် အထက်တန်းပြ အရေအတွက် ၅၄၃၁ ဦးတို့ လိုအပ်လျက် ရှိရာ ဆရာ လိုအပ်ချက်များ ဖြည့်ဆည်း ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger