www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 17, 2015

ယခုနှစ်ဇွန်လအထိ မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ် ၁၂၀၀ ကျော်နှင့် အခန်းပေါင်း ၄၇၀၀၀ ကျော်ထိ တိုးတက်ဖြစ်ထွန်းလာ



ရန်ကုန် ၊ ၁၇-၇-၂၀၁၅

ယခုအခါ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းများမှာ အရှိန်အဟုန် နှင့် တိုးတက်ဖြစ်ထွန်း လာနေသဖြင့် ယခုနှစ် ဇွန်လထိ မြန်မာ တစ်နိုင်ငံ လုံးတွင် ဟိုတယ် ၁၂ဝဝ ကျော်နှင့် အခန်းပေါင်း ၄၇ဝဝဝ ကျော်ထိ တိုးတက် လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

မြန်မာနိုင်ငံသည် ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ် နှစ်နှစ် ဆက်တိုက် လည်ပတ်ရန် အကောင်းဆုံး နိုင်ငံ စာရင်းတွင် ထိပ်ဆုံးနေရာ ၌ရှိခဲ့ပြီး ယခုနှစ် တွင်လည်း ထိပ်ဆုံးမှ လျော့ကျလာခြင်း မရှိသဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွား လာရောက် လည်ပတ် နေမှုမှာ တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြား နေခဲ့ရာ ၂ဝ၁၁ ခုနှစ် ခရီးသွား ရာသီတွင် နိုင်ငံတကာ ခရီးသွားဦးရေ သုည ဒသမ ၈၂ သန်း၊ ၂ဝ၁၂ ခုနှစ် ခရီးသွား ရာသီတွင် နိုင်ငံတကာ ခရီးသွား ဦးရေ ၁ ဒသမ ဝ၆ သန်း၊ ၂ဝ၁၃ ခုနှစ် ခရီးသွား ရာသီတွင် နိုင်ငံတကာ ခရီးသွား ဦးရေ ၂ ဒသမ ဝ၄ သန်း၊ ၂ဝ၁၄ ခုနှစ်တွင် ခရီးသွား ရာသီတွင် နိုင်ငံတကာ ခရီးသွား ဦးရေ ၃ ဒသမ ဝ၈ သန်းထိ တိုးတက်များပြား လာခဲ့သည်။ 

ထို့ကြောင့် ယခုနှစ် ခရီးသွား ရာသီတွင် နိုင်ငံတကာ ခရီးသွား ဦးရေ ငါးသန်းထိ ဝင်ရောက် လာနိုင်ကြောင်း ဟိုတယ် နှင့် ခရီးသွား လာရေး လုပ်ငန်း ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

ထိုသို့ မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု တိုးတက် များပြား လာသည်နှင့် အမျှ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ သည်လည်း အရှိန်အဟုန် နှင့် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ထိုသို့ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာမှုနှင့် ဆက်နွှယ်ကာ ခရီး လှည့်လည်ရေး လုပ်ငန်းနှင့် ဧည့်လမ်းညွှန် လုပ်ငန်း များလည်း ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ 

ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန် စာရင်းများ အရ မြန်မာ တစ်နိုင်ငံလုံး တွင် ယခုနှစ် ဇွန် ၃ဝ ရက်ထိ ခရီး လှည့်လည်ရေး လုပ်ငန်း လိုင်စင် ၁၇၅၈ ခု၊ ဧည့်လမ်းညွှန် လုပ်ငန်း လိုင်စင် ၄ဝဝ၇ ခု၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လိုင်စင် ၁၂၉၁ ခု၊ ပို့ဆောင်ရေး လုပ်ငန်း လိုင်စင် ၃၉၈ ခု၊ ဟိုတယ်နှင့် တည်းခို ရိပ်သာ လုပ်ငန်းလိုင်စင် ၁၂ဝ၃ လုံးနှင့် ၄၇၁၄၁ ခန်းထိ တိုးတက် ဖြစ်ပေါ် လာခဲ့ကြောင်း သိရသည်။(၃၃၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger