www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 26, 2015

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သီပေါမြို့ နမ့်ပေါ့ချောင်းကူး ရှေးဟောင်း တံတားကျိုးကျ



သီပေါ ၊ ၂၆-၇-၂ဝ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် တွင် ဇူလိုင် ၂၄ ရက်မှစ၍ အဆက်မပြတ် ရွာသွန်းသော မိုးနှင့် တောင်ကျရေ များကြောင့် ဒုဋ္ဌဝတီမြစ် နှင့် နမ့်ပေါ့ချောင်း တို့ ရေလျှံကာ သီပေါနှင့် နမ့်ဆန်၊ နမ္မတူ၊ မန်တုံမြို့နယ် များသို့ ဆက်သွယ် ပေးသည့် နမ့်ပေါ့ချောင်း တံတားသည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင် ကျိုးကျ ပျက်စီး သွားရာ လူငယ်သုံးဦး သေဆုံးပြီး သုံးဦးမှာ ရေစီးနှင့် အတူမျောပါ သွားကာ ပြည်သူ့ ဆေးရုံတွင် သုံးဦး အတွင်း လူနာအဖြစ် ကုသ နေရကြောင်း သိရသည်။

ဖြစ်ပွားရာသို့ မြို့နယ်စီမံ ခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်၊ မြို့နယ် အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် မီးသတ် ဦးစီးမှူးနှင့် လူမှုရေး အသင်းအဖွဲ့များ၊ တပ်မတော် သားများ၊ မီးသတ်၊ ကြက်ခြေနီ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများက လိုအပ်သည်များ ကူညီ ဆောင်ရွက်လျက် ရှိသည်။

ဒုဋ္ဌဝတီမြစ် ကမ်းဘေးမှ ရေဝင် နစ်မြုပ်နေသော ဈေးရပ်ကွက်၊ ဇာတ်စုရပ်ကွက်၊ တုံစင့် ကျောင်းပြိန်း ကျေးရွာ၊ တိန်းချေတိန်းစံ ကျေးရွာ တို့မှ ရေဘေးသင့် ပြည်သူများကို မြို့နယ် ပြည်သူ့ အားကစားကွင်း ၌ လည်းကောင်း၊ ဘုန်းတော်ကြီး ကျောင်းများ၌ လည်းကောင်း တာဝန်ရှိ သူများနှင့် လူမှုရေး အသင်းအဖွဲ့ များက ပြောင်းရွှေ့  နေထိုင် စားသောက်ရေး ကိစ္စရပ် များကို ကူညီ ဆောင်ရွက်ပေး ကြသည်။

ကျိုးကျ ပျက်စီးသွားသော နမ့်ပေါ့တံတား သည် သီပေါမြို့ကို မြောက်ဘက်မှ တောင်ဘက်သို့ ဆက်သွယ် ပေါင်းကူး ပေးသည့် အရှည် ၁၇၇ ပေရှိ နှစ်ပေါင်း တစ်ရာကျော် တံတားကြီး ဖြစ်ကြောင်း သိရသည်။

စိုင်း(သီပေါ)

မြဝတီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger