www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 12, 2015

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးကို ခုတင် ၁၀၀၀ ဆံ့မှ ၁၅၀၀ ဆံ့သို့ တိုးချဲ့သွားမည်



မန္တလေး ၊ ၁၂-၆-၂၀၁၅

မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးကို ခုတင် ၁ဝဝဝ ဆံ့မှ ၁၅ဝဝ ဆံ့သို့ တိုးချဲ့သွားမည် ဖြစ်ပြီး ခွင့်ပြုမိန့် ရရှိရန် တင်ပြထားကြောင်း သိရသည်။ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးသည် ခုတင် ၁ဝဝဝ ဆံ့ ဖြစ်သော်လည်း လူနာဦးရေမှာ ၁၂ဝဝ ခန့်တွင် အမြဲရှိသည် ဟု ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ ဆေးရုံကြီးတွင် ဝန်ထမ်းအင်အား ၁၈၇ဝ ခန့်ရှိသဖြင့် လက်ရှိတွင် စံကိုက် ဆေးရုံကြီး တစ်ရုံဖြစ်ပြီး ခုတင် ၁၅ဝဝ ဆံ့သို့ တိုးမြှင့်လိုက်ပါက ဝန်ထမ်းအင်အား နှင့် အခြား ဆက်စပ်ပစ္စည်း များ လိုအပ်လာမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

''အခု ကိုးထပ်ဆောင်ကြီး က လူနာ ၅ဝဝ လောက် ဆံ့တယ်။ ဒါကြောင့် တိုးချဲ့ဖို့ အတွက်ဆိုရင် အခြေခံ အဆောက်အအုံ ကတော့ လုံလောက်နေပြီ ပေါ့။ ဒါပေမဲ့ ဆေးရုံတစ်ခု ဆိုတော့ စက်ကိရိယာ၊ ဝန်ထမ်း၊ ဆေးဝါးပစ္စည်းနဲ့ တခြား လိုအပ်ချက်တွေလဲ လိုအပ်တာ ဖြစ်ပါတယ် '' ဟု တာဝန်ရှိသူက ပြောပြသည်။

လက်ရှိတွင် ကင်ဆာနှင့် ပတ်သက်သော ဓာတ်ရောင်ခြည် ကုသစက် လေးလုံးဖြင့် လည်ပတ်လျက် ရှိပြီး တစ်နိုင်ငံလုံးတွင် ကင်ဆာ ရောဂါကို ကုသနိုင်သည့် နေရာမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် တောင်ကြီးမြို့ အစရှိသည့် မြို့ကြီး များတွင်သာ ရှိကြောင်း သိရှိရသည်။

မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ အထက် မြန်မာပြည် မြို့ကြီးတို့မှ လူနာများ လာရောက် ကုသမှုများကြောင်း၊ ဆေးရုံကြီးရှိ စက်များ၊ ဆေးဝါးများကို Up Date ပြုလုပ်လျက်ရှိပြီး အဓိက အားဖြင့် ကုသရေးတွင် အသုံးပြုသည့် စက်ကိရိယာများ ၊ ဆေးဝါးများ တွင်လည်း ဘေးထွက်ဆိုးကျိုး နည်းပါးခြင်း၊ ဈေးနှုန်း သင့်တော်ခြင်း၊ ရောဂါဝေဒနာ အတွက် သင့်တော်ခြင်း၊ FDA စစ်ဆေးပြီး ဆေးဝါးများ စနစ်တကျ ဝယ်ယူခြင်း အစရှိသည့် လုပ်ငန်းစဉ် များကို Up Date အဖြစ် ပြုလုပ်နေခြင်း ဖြစ်သည်။

မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးကို ခုတင် ၁၅ဝဝ ဆံ့သို့ တိုးမြှင့်နိုင်ပါက လူနာများ ယခုထက် ပို၍ ကုသပေးနိုင်မည် ဖြစ်ပြီး နေရာ အခက်အခဲ ကိုလည်း ဖြေရှင်းနိုင်မည် ဖြစ်သည်။ လက်ရှိတွင် ကုသမှုပေး နေသော Surgical Operations မှာ ၁၉၆၈၂ ဖြစ်ပြီး ၄င်းတို့မှာ Cardiac OT 415, Dental OT 146, Trauma OT 5082, Uro OT 2448, MFU OT 3794, Surgical 2961, Neuro Surgical 1033, Chest Surgical 550, Radiotherapy 182, ERC 3068 တို့ရှိကြောင်း နှင့် ဆရာဝန် ၂၆၅ ဦး အပါအဝင် ဝန်ထမ်း အင်အား ၁၈၇၂ ဦးရှိကြောင်း စာရင်းများအရ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger