www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 4, 2015

၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၅ ခုနှစ် ဧပြီလအထိ ရန်ကုန်အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများသို့ ပင်လယ်ကူး သင်္ဘော ၅၁၈ စင်း ဆိုက်ကပ်ခဲ့ပြီး မော်တော်ယာဉ် အစီးရေ ၄၀၆၉၄၀ သယ်ဆောင်လာ



ရန်ကုန် ၊ ၄-၆-၂၀၁၅

ပြည်ပမှ မော်ယာဉ်တင် သွင်းခွင့်ပြု ခဲ့ပြီး နောက်ပိုင်းတွင် မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှု များမှာ တိုးတက် များပြား လာခဲ့ပြီး ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၅ ခုနှစ် ဧပြီလအထိ ရန်ကုန် အပြည် ပြည်ဆိုင်ရာ ဆိပ်ကမ်း များသို့ မော်တော်ယာဉ် တင် ပင်လယ်ကူး သင်္ဘော ၅၁၈ စင်း ဆိုက်ကပ်ခဲ့ကာ မော်တော်ယာဉ် အစီးရေ ၄ဝ၆၉၄ဝ သယ်ဆောင် လာခဲ့ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မှ သိရသည်။

ထိုသို့တင်သွင်း လာသည့် မော်တော်ယာဉ် များကို ဂျပန်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံ ဆိပ်ကမ်းများမှ တစ်ဆင့် မော်တော်ယာဉ် တင် ပင်လယ်ကူး သင်္ဘောကြီး များဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများသို့ သယ်ယူ ပို့ဆောင် ခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၏ စာရင်းများ အရ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မော်တော်ယာဉ် တင် ပင်လယ်ကူး သင်္ဘော ၁၆ စင်းဖြင့် မော်တော်ယာဉ် အစီးရေ ၄၅၁၃ စီး၊ ၂ဝ၁၂ ခုနှစ်တွင် မော်တော်ယာဉ် တင် ပင်လယ်ကူး သင်္ဘော ၁၄၉ စင်းဖြင့် မော်တော်ယာဉ် အစီးရေ ၉၁၁၉၆ စီး၊ ၂ဝ၁၃ ခုနှစ်တွင် မော်တော်ယာဉ် တင် ပင်လယ်ကူး သင်္ဘော ၁၅၇ စင်းဖြင့် မော်တော်ယာဉ် အစီးရေ ၁၁၇၁၈၉ စီး၊ ၂ဝ၁၄ ခုနှစ် တွင် မော်တော်ယာဉ် တင် ပင်လယ်ကူး သင်္ဘော ၁၄၇ စင်းဖြင့် မော်တော်ယာဉ် အစီးရေ ၁၄၈၃ဝဝ ၊ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၃၁ ရက်အထိ မော်တော်ယာဉ် တင် ပင်လယ်ကူး သင်္ဘော ၄၉ စင်းဖြင့် မော်တော်ယာဉ် အစီးရေ ၄၅၇၄၂ စီး တင်သွင်း နိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၂ဝ၁၅ ခုနှစ် ဧပြီ ၃၁ ရက်အထိ သုံးနှစ်ကျော် ကာလအတွင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများသို့ မော်တော်ယာဉ် တင် ပင်လယ်ကူး သင်္ဘော အစင်းရေ ၅၁၈ စင်း ဝင်ရောက် ဆိုက်ကပ်ခဲ့ပြီး မော်တော်ယာဉ် အစီးရေ ၄ဝ၆၉၄ဝ တင်သွင်း နိုင်ခဲ့ကြောင်း သိရသည်။

ဇာညီသစ္စာ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger