www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 12, 2015

မြို့နယ် ၈ မြို့နယ်၌ ကျောင်းပြင်ပ မူလတန်းပညာရေး စင်တာများ ယခုနှစ်အတွင်း ထပ်မံ ဖွင့်လှစ်သွားမည်


ရန်ကုန် ။ ၁၂-၅-၂၀၁၅

ပညာရေး ဝန်ကြီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ ကျောင်းပြင်ပ မူလတန်း ပညာရေး စနစ်ကို အကောင် အထည်ဖော်လျက် ရှိရာ ချင်းပြည်နယ် ဟားခါးမြို့နယ် နှင့် ကယားပြည်နယ် ဒီမော့ဆိုမြို့ အပါအဝင် မြို့နယ် ရှစ်မြို့နယ် တို့၌ ကျောင်းပြင်ပ မူလတန်း ပညာရေး စင်တာများ ယခု စာသင်နှစ်တွင် ထပ်မံဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ကြီးကြပ်မှု ကော်မတီမှ သိရသည်။

အဆိုပါ ကျောင်းပြင်ပ မူလတန်း ပညာရေး သင်ကြားခြင်းကို အကောင် အထည်ဖော် ရာတွင် နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၈၉ မြို့နယ်၌ ကျောင်းပြင်ပ မူလတန်း ပညာရေး စင်တာပေါင်း ၅၆၂ ခု ဖွင့်လှစ် သင်ကြား ပေးလျက်ရှိပြီး ကျောင်းပြင်ပ မူလတန်း ပညာရေး စနစ်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် မူလတန်း ပညာကို ပြီးဆုံးအောင် တတ်မြောက်ခြင်း မရှိသော ကျောင်းသား၊ ကျောင်းသူ များအား ပညာသင်နှစ် နှစ်နှစ်အတွင်း Level-1 ၊ Level-2 အတန်းများကို သတ်မှတ် ထားသော သင်ရိုးညွှန်းတမ်း အတိုင်း သင်ကြား ပေးကြောင်း သိရသည်။

ထို့အပြင် ကျောင်းပြင်ပ အလယ်တန်း ပညာရေး စနစ်ကို ဆက်လက် အကောင် အထည်ဖော် ပေးသွားရန် စီစဉ်လျက် ရှိရာ ပညာရေး ဝန်ကြီးဌာနသို့ သင်ရိုးများကို တင်ပြ ထားခြင်းနှင့် ဘက်စုံ လွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာ သုံးသပ်ရေး လုပ်ငန်း (CESR) မှ ကုန်ကျစရိတ် ရေးဆွဲခြင်း များကို လုပ်ဆောင် နေကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ကြီးကြပ်မှု ကော်မတီ မှ စီမံချက် မန်နေဂျာ ဦးထွန်းကြည် က ပြောသည်။

ဆုလာဘ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger