www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 18, 2015

မြေထဲပင်လယ် ဒေသထွက် အစားအစာများ၌ အဆီနှင့် အစေ့အဆန်များ ပိုမိုစားသုံးပါက မှတ်ဉာဏ်လျော့နည်းခြင်းကို ကာကွယ်နိုင်


Benefits Of Eating Antioxidant Rich Foods

ဒေါက်တာ သက်လွင် (ပြည်သူ့ကျန်းမာရေး)

စပိန်နိုင်ငံ သုတေသီ များ၏ မှတ်ချက်ပြုချက် များအရ မြေထဲပင်လယ် ဒေသမှ ထွက်သည့် အစားအစာ များတွင် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း (Antioxidants) များဖြစ်သော သံလွင်ဆီနှင့် တခြား အစေ့အဆန် များကို ပိုမို စားသုံးခြင်းသည် အသက်အရွယ် ကြီးရင့်၍ မှတ်ဉာဏ် လျော့နည်းခြင်းမှ ကာကွယ် နိုင်ကြောင်း သိရသည်။

မြေထဲပင်လယ် ထွက် အစားအစာ များတွင် သစ်သီး၊ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်၊ ကောက်နှံများ၊ ပဲတောင့်နှင့် အစေ့အဆန် များနှင့် သံလွင်ဆီ တို့ ပါဝင်သည်။

စားသုံးသူများ အနေဖြင့် အဆီ သို့မဟုတ် အစေ့အဆန် ပိုမို စားသုံးပါက ပိုမိုကြံ့ခိုင် ကျန်းမာပြီး အသက်  ၆ဝ ကျော် အရွယ်ပိုင်း များတွင် ဖြစ်တတ်သည့် နှလုံးနှင့် သွေးကြော ဆိုင်ရာ ရောဂါ ဖြစ်ပွား မှုကို လျော့နည်း စေကြောင်း သိရသည်။

မူလ မြေထဲပင်လယ် အစာမှာ ဟင်းသီးဟင်းရွက် များကို အခြေခံပြီး စားသုံးရာတွင် သစ်သီး တစ်လုံး သို့တည်းမဟုတ် ဟင်းသီးဟင်းရွက် များ၊ နှံစား သီးနှံများ၊ ပဲတောင့်ရှည် နှင့် ပဲအမျိုးမျိုး တို့ကို ထမင်းတစ်နပ် ဟင်းတစ်ခွက် အဖြစ် စားသုံး နိုင်သည်။

အဆိုပါ မြေထဲပင်လယ် အစားအစာ ထဲသို့ ပြည့်ဝဆီ၊ နှစ်ပြန်ကြော်ဆီ၊ ဝက်ဆီ ထည့်သုံးပါက နှလုံးသွေးကြော ဆိုင်ရာ ရောဂါများ ဖြစ်ပြီး သံလွင်ဆီမှာ ၄င်းရောဂါ တို့ကို မဖြစ်ပွားနိုင်ပါ။ လတ်ဆတ်သည့် သစ်သီး နှင့် ဟင်းသီးဟင်းရွက် က Antioxdants များပြားပြီး စိတ်ဖိစီးမှု ဖြစ်မှုမှာ အရေးပါသည်။ ယင်း ဓာတ်တိုးပစ္စည်း (oxidatives) များသည် သူငယ်ပြန်ခြင်း ကို ဖြစ်စေကြောင်း သုတေသီ များက ပြောသည်။

မြေထဲပင်လယ် အစားအစာ အပေါ် ဖြန့်ကြက် လေ့လာထားမှု အရ ဓာတ်တိုးဆန့်ကျင် ပစ္စည်း (Antioxidants) ကြွယ်ဝမှုက နှလုံးသွေးကြော ရောဂါကို ဖြစ်ပွားစေမှု မရှိကြောင်း သိရသည်။

လူ ၁၅၅ ဦးကို တစ်ပတ်လျှင် သံလွင်ဆီ တစ်လီတာ ပိုပေးပြီး တခြား ၁၄၇ ဦးကို နေ့စဉ် မြေပဲဆန် ၃ဝ ဂရမ် အခွံမာ အစေ့အဆန် များကို ကျွေးခဲ့သည်။ ၄င်း စမ်းသပ်မှုတွင် ပါဝင်သူများ ထဲမှ ၁၄၅ ဦး စမ်းသပ်မှုက အဆီ လျှော့စားပြီး အစေ့အဆန် ပိုစားလျှင် မှတ်ဉာဏ် လျော့ခြင်းကို ကာကွယ် နိုင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger