www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 7, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံနှင့် ဆားဗီးယား သမ္မတနိုင်ငံ တို့သို့ ချစ်ကြည်ရေးခရီး ထွက်ခွာ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် တာဝန်ရှိသူများ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၇--၅-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ၊ ပါကစ္စတန် တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ General Rashad Mahmood နှင့် ဆားဗီးယား သမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီး H.E. Mr. Bratislav Gasic တို့၏ ဖိတ်ကြားချက် အရ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ နှင့် ဆားဗီးယား သမ္မတနိုင်ငံ များသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရန် အတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် နှင့် တပ်မတော် အရာရှိကြီးများ ၊ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန် နိုင်ငံသံအမတ်ကြီး H.E. Mr. Ehsan Ullah Batth နှင့် ဆားဗီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Miodrag Nikolin တို့က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ အဖွဲ့ဝင်များ အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး ၊ စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်ချုပ် တင်အောင်စန်း ၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော် နှင့် တပ်မတော် အရာရှိကြီးများ လိုက်ပါ သွားကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ အဆိုပါ ချစ်ကြည်ရေး ခရီးစဉ် သည် မြန်မာ့ တပ်မတော် အကြီးအကဲ တစ်ဦးအနေဖြင့် ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ နှင့် ဆားဗီးယား သမ္မတနိုင်ငံ များသို့  ပထမဆုံးအကြိမ် သွားရောက်သော ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ နှစ်နိုင်ငံ သံတမန်နှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှု ၆၈ နှစ်ရှိပြီဖြစ်ကာ ဆားဗီးယား နိုင်ငံနှင့်လည်း ယူဂိုဆလားဗီးယား ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတ နိုင်ငံဟောင်းမှ ဆားဗီးယား သမ္မတနိုင်ငံ အဖြစ် အသွင် မကူးပြောင်းမီ ၄၀ နှစ်၊ အသွင် ကူးပြောင်းပြီး နောက် ယနေ့ အချိန်ထိ ၂၄ နှစ် နှစ်နိုင်ငံ သံတမန်နှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှု စုစုပေါင်း ၆၄ နှစ် ရှိပြီဖြစ်သည်။

ချစ်ကြည်ရေး ခရီးစဉ်အတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် နှစ်နိုင်ငံရှိ အစိုးရ ၊ တပ်မတော် တို့မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ မြန်မာ့ တပ်မတော်နှင့် ပါကစ္စတန် တပ်မတော်၊ ဆားဗီးယား နိုင်ငံ တပ်မတော်များ အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး အထင်ကရ နေရာများနှင့် အကြီးစား စက်မှုလက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို လေ့လာကြည့်ရှု သွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger