www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 7, 2015

မြန်မာနိုင်ငံ၌ ခရီးသွားမှတ်တမ်း ရိုက်ကူးထားခြင်းကို စပိန်အခြေစိုက် Antena 3 မှ ထုတ်လွှင့်ပြသရန် စီစဉ်


Pekin Express ခရီးသွားမှတ်တမ်း ရိုက်ကွင်းတစ်ခုကို တွေ့ရစဉ်

ရန်ကုန် ၊ ၇-၅-၂၀၁၅

မြန်မာနိုင်ငံ၌ လာရောက် ရိုက်ကူးခဲ့သည့် Pekin Express ခရီးသွား မှတ်တမ်းရုပ်ရှင် ကို စပိန်နိုင်ငံ အခြေစိုက် Antena 3 ( A4 Television ) ရုပ်သံလိုင်းမှ နိုင်ငံတကာသို့ ထုတ်လွှင့် ပြသရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ခရီးသွား မှတ်တမ်းကို ပြည်တွင်း ပုဂ္ဂလိက ခရီးသွား လုပ်ငန်း Golden Trip Travels & Tours ၏ စီစဉ် ဆောင်ရွက်မှုဖြင့် ဘယ်လ်ဂျီယမ် အခြေစိုက် Line BVBA မှ လာရောက်၍ ပြည်တွင်းရှိ ဒေသ ၂၇ ခု၌ ဧပြီလ အတွင်းက ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး မကြာမီ Antena 3 ( A4 Television ) ရုပ်သံလိုင်းမှ နိုင်ငံတကာသို့ ထုတ်လွှင့် ပြသရန် စီစဉ် ဆောင်ရွက် နေခြင်း ဖြစ်သည်။

လှည့်လည် ရိုက်ကူးခဲ့သော ဒေသများ ထဲတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ငူ၊ အုတ်တွင်း၊ ရမည်းသင်း၊ တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ပင်းတယ၊ ညောင်ရွှေ၊ လမိုင်း၊ နမ့်ပန်၊ မိုင်းသောက်၊ ပုဂံ၊ ပုပ္ပါးတောင်၊ ကျောက်ပန်း တောင်း၊ ကံပြား၊ မကွေး၊ နတ်မောက်၊ ပျော်ဘွယ်၊ ဘုရားငါးဆူ၊ ပခုက္ကူ နှင့် တခြား မြို့ကြီးများ ပါဝင်ကြောင်း သိရသည်။

ရိုက်ကူးရေး အဖွဲ့တွင် စပိန် နိုင်ငံသား များနှင့် ဘယ်လ်ဂျီယမ် နိုင်ငံသားများ အများဆုံး ပါဝင်ပြီး Golden Trip Travels & Tours မှခရီးစဉ်များ အတွင်း သယ်ယူ ပို့ဆောင်ရေးနှင့် တည်းခိုရန် နေရာများ အတွက် တာဝန်ယူ စီစဉ် ဆောင်ရွက် ပေးခဲ့သည့် အပြင် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ အရာထမ်း တချို့ကလည်း ခရီးစဉ် တစ်လျှောက် အဆင်ပြေ ချောမွေ့မှု ရှိစေရန် ကြီးကြပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ Pekin Express ခရီးသွား မှတ်တမ်းတွင် မြန်မာနိုင်ငံရှိ တန်ခိုးကြီး ဘုရားများ၊ ရှေးဟောင်း စေတီပုထိုးများ၊ ရေမြေ တောတောင် သဘာဝ အလှရှုခင်းများ၊ တိုင်းရင်းသား လူမျိုးစု များ၏ ဓလေ့စရိုက်များ၊ ဒေသခံများ၏ ယဉ်ကျေး ပျူငှာမှု၊ ဧည့်ဝတ် ကျေပွန်မှုနှင့် ရင်းနှီး ဖော်ရွေမှု များကို မှတ်တမ်းတင် ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger