ရန်ကုန် ၊ ၁၀-၄-၂၀၁၅
ဧရာဝတီ လင်းပိုင်နှင့် အတူ ငါးဖမ်းခြင်း ပြုလုပ်တတ်သည့် ရွာလေးရွာကို တစ်ရွာလျှင် ငွေကျပ်သိန်း ၃ဝဝ နှုန်းဖြင့် စုစုပေါင်း သိန်း ၁၂ဝဝ ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
အဆိုပါ ပံ့ပိုးငွေများ ပေးအပ် ရခြင်းမှာ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန်၊ လင်းပိုင်နှင့် ငါးဖမ်းသည့် ရေလုပ်သားများ အဆင်ပြေ စေရန်အတွက် ဖြစ်ကြောင်း သိရသည်။ ပံ့ပိုးမှု ပေးအပ်မည့် ရွာလေးရွာသည် လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ရွာများဖြစ်ပြီး မြေစွန်း၊ စိန်ပန်းကုန်း၊ ဆည်တည်း၊ မြစ်ကမ်းကြီးရွာ တို့ဖြစ်ကြောင်း သိရသည်။
ပံ့ပိုးမှု ပေးအပ်မည့် ငွေများကို ရွာများမှ ငွေလက်ခံရန် ကော်မတီ ဖွဲ့ပြီးပါက ပေးအပ်သွားမည် ဖြစ်ပြီး ယခုလအတွင်း အပြီးပေး သွားရန်ရှိကြောင်း ငါးလုပ်ငန်းမှ သိရသည်။
''အရင်းမပျောက် မတည်ငွေ အဖြစ် ငွေကျပ်သိန်း ၃ဝဝ စီ ထုတ်ပေးပါမယ်။ မြစိမ်းရောင် တော့မဟုတ်ဘူး။ မြစိမ်းရောင် ဆန်ဆန်ပါ။ လင်းပိုင်နဲ့ ငါးဖမ်းတတ်တဲ့ ရေလုပ်သား တွေရှိတဲ့ ရွာတွေကို ဦးစားပေးပြီးတော့ အရင်းမပျောက် မတည်ငွေ ထုတ်ပေးမှာပါ။ ငွေထုတ်ပေးဖို့ တောင်သူတွေ ကော်မတီ ဖွဲ့ဖို့ လုပ်နေပါပြီ။ ဒါကလဲ ရိုးသားတဲ့ ရေလုပ်သားတွေ အဆင်ပြေအောင် ဌာနဘက်က ပံ့ပိုးမှု တစ်ခုပါ။ နောက်တစ်ခု ကလဲရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးဖို့ပါ'' ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။
ကျော်လွင်
#Yadanarpondaily






No comments:
Post a Comment