www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, April 4, 2015

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်( ၁၁၈) သူရတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ


ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များ သင်တန်းဆင်း အရာရှိများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အပြီးတွင် ဖျော်ဖြေတင်ဆက်မှု များကိုကြည့်ရှု အားပေးစဉ်


နေပြည်တော် ၊ ၄-၄-၂၀၁၅

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁၈) သူရတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ဧပြီ ၃ ရက် ည ၆ နာရီခွဲတွင် ဗထူးတပ်မြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရာထူး ခန့်ထားရေး ခန်းမဆောင်၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနား သို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ဇနီး ဒေါ်သန်းသန်းနွယ် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိ ကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗထူးတပ်နယ် မှ တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြား ထားသူများ၊ သင်တန်းဆင်း အရာရှိများ နှင့် ၄င်းတို့၏ မိဘ ဆွေမျိုးများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင် များသည် သင်တန်းဆင်း အရာရှိ များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များ သည် သင်တန်းဆင်း အရာရှိများ၊ မိဘဆွေမျိုး များနှင့်အတူ ညစာ သုံးဆောင် ကြသည်။ ညစာ သုံးဆောင် အပြီးတွင် ကပွဲခန်းမ၌ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မှ နယ်လှည့် ပြည်သူ့ ဆက်ဆံရေး တပ်ခွဲနှင့်အတူ တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း (ဗထူး)၊ ကျောင်းဆင်း အရာရှိများ နှင့် အနုပညာရှင် တို့၏ ဖျော်ဖြေ တင်ဆက်မှု များကို ကြည့်ရှု အားပေး ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger