www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 9, 2015

အရွယ်လွန်ကျန်းမာရေး


အရွယ်လွန်ကျန်းမာရေး

''အာရောဂျံ၊ ပရမံ၊ လာဘံ'' ကျန်းမာခြင်းသည် မြတ်သော လာဘ်ကြီးတစ်ပါး ဟု ရှင်တော်ဗုဒ္ဓ ဟောကြား တော်မူခဲ့သည်။ ထို့ကြောင့်လည်း လူသားတိုင်း ကျန်းမာရေးကို အလေးထား ကျင့်ကြံ နေထိုင်ကြ ရမည်ဖြစ်သည်။ ''အစားမတော် တစ်လုတ်'' ဟု ဆိုရိုးစကား အတိုင်း မသင့်တော်သည့် အစားတစ်လုတ် စားမိလိုက်လျှင် အသက်ကိုပါ အန္တရာယ် ပေးနိုင် သောကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ရွေးချယ် စားသောက်တတ်ရန် လိုသည်။

လူတစ်ယောက်၏ ကျန်းမာရေး အတွက် ''ကံ၊ စိတ်၊ ဥတု၊ အာဟာရ'' အကြောင်းတရား လေးပါး ညီညွတ်မျှတ မှသာ လုံခြုံစိတ်ချ ရမည်ဖြစ်သည်။ တစ်ပါးပါး ချို့ယွင်း ဖောက်ပြန်ပါက ကျန်းမာရေး ကို ထိခိုက်လာ စေနိုင်သည်။ ထို့ကြောင့် အသိ၊ သတိ ရှိသူတိုင်း အသက်အရွယ် လိုက်၍ လုပ်ဆောင်မြဲ အလုပ်ကို ဝန်နှင့်အား မျှတအောင် ပြုမူကြ ရမည် ဖြစ်သည်။

လူတစ်ယောက် ကျန်းမာရေး အတွက် ရာသီဥတု မျှတသည့် ပတ်ဝန်းကျင် ရှိရန်လည်း လိုအပ်သည်။ အသက်အရွယ် ရလာချိန်တွင် ပူလွန်း၊ အေးလွန်း စသည့် ကြမ်းတမ်းသော ရာသီဥတု ဒဏ်ကို ခံနိုင်ရည် မရှိဖြစ်လာ တတ်သည်။ ထိုအချိန် ကာလများတွင် မပူလွန်း၊ မအေးလွန်းေ သာ နေရာ အရပ်တွင် ရွေးချယ် နေထိုင်ရန် လိုသည်။

အသက်အရွယ် လိုက်၍ အစာချေဖျက် နိုင်စွမ်းရှိသည့် အစားအစာ များကို ရွေးချယ် စားသောက် တတ်ရန်လိုသည်။ လူတို့ အနေဖြင့် အသက်(၄ဝ) ကျော်လျှင် မိခင်နို့ရည် ခန်းလာပြီး အစာအိမ် သည်လည်း အစာချေဖျက် နိုင်စွမ်း နည်းလာသည်။ ထို့ကြောင့် ငယ်စဉ်က ကဲ့သို့ စားချင်တိုင်း စား၍ မရနိုင် တော့ပေ။ အစားအသောက် အနေအထိုင် ဆင်ခြင်နိုင်မှ အန္တရာယ် ပေါင်းစုံ၊ ရောဂါ ပေါင်းစုံမှ ကင်းဝေးစေမည် ဖြစ်သည်။

''ဥစ္စာကို ကံစောင့်၊ အသက်ကို ဉာဏ်စောင့်'' ဆိုရိုးစကား ရှိသည်။ ကျန်းမာရေး အသိပညာကို တိုးစေလျက် ဆင်ခြင်တုံ တရားနှင့် ပြုမူကျင့်ကြံ နေထိုင်နိုင်ပါမှ လူ့ဘဝ သက်တမ်းပြည့် နေခွင့် ရနိုင်မည် ဖြစ်သည်။

''အိုမင်းမစွမ်း'' ဟုဆိုသည့် အတိုင်း အိုမင်းရင့်ရော် လာချိန်တွင် အရာရာ မစွမ်းဆောင် နိုင်ဖြစ်လာ ကြသည်။ ဤအရွယ်၊ ဤကာလတွင် ကျန်းမာရေး အသိနှင့် နေထိုင်တတ်ပြီး အရေးကြုံက ကျန်းမာရေး အတွက် လိုလေသေး မရှိ ပြည့်စုံသော နေရာဒေသ တို့တွင် နေထိုင်ကြ ရမည် ဖြစ်သည်။

သို့ဖြစ်ရာ လူတစ်ဦး တစ်ယောက် အနေဖြင့် အသက်အရွယ် အပိုင်းအခြားကို လိုက်၍ ကိုယ်ခံစွမ်းအား ပေါ်မူတည်ကာ အစားအသောက်တွင် ဆင်ခြင်တုံ တရားထား စားခြင်း၊ ရာသီဥတု မျှတ ညီညွတ်သော နေရာဒေသ တို့တွင် နေထိုင်ခြင်း၊ ကျန်းမာရေး အတွက် ညီညွတ်မျှတ စေသော ကိုယ်လက် လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း တို့ဖြင့် ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိထားကာ နေထိုင်ကြ ရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသားလိုက်ရ ပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger