www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 22, 2015

ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်း ( Combined Fleet Exercise ) ဆောင်ရွက်ရန်အတွက် သတိပေးချက် ထုတ်ပြန်



နေပြည်တော် ၊ ၂၂-၃-၂၀၁၅

တပ်မတော်(ရေ ) စစ်ရေယာဉ်များသည် ၂ဝ၁၅ ခုနှစ်၊ မတ် ၂၇ ရက်မှ ဧပြီ ၆ ရက်အတွင်း ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်း များအား မာန်အောင်ကျွန်း အနောက်ဘက် ရေပြင်တွင် လေ့ကျင့် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

လေ့ကျင့်ခန်း ဧရိယာအဖြစ် Point AA မြောက် လတ္တီတွဒ် ၁၉ ဒီဂရီ ဝဝ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၅ မိနစ်၊ Point BB မြောက် လတ္တီတွဒ် ၁၉ ဒီဂရီ ဝဝ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅ မိနစ်၊ Point CC မြောက် လတ္တီတွဒ် ၁၈ ဒီဂရီ ၂၅ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅ မိနစ်၊ Point CC မြောက် လတ္တီတွဒ် ၁၈ ဒီဂရီ ၂၅ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၅ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ် ထားရှိပြီး ရေကြောင်း သတိပေးချက်နှင့် လေကြောင်း သတိပေးချက် တို့အား ထုတ်ပြန် ကြေညာ ထားရှိပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် အဆိုပါဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ ငယ်များ၊ ကုန်တင် စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ် သမ္ဗာန်များ ဖြတ်သန်း သွားလာခြင်း၊ ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ် များ အမြင့်ပေ ၁၅ဝဝဝ (တစ်သောင်း ငါးထောင်) အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုကြရန် အသိပေး ကြေညာအပ် ပါသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger