www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 23, 2015

အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ပညာသင်ထူးချွန်ဆု စာမေးပွဲများ ဧပြီလဆန်းတွင် ကျင်းပမည်


ရန်ကုန် ၊ ၂၃-၃-၂၀၁၅

အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ပညာသင် ထူးချွန်ဆု စာမေးပွဲကို ဧပြီလဆန်းတွင် ကျင်းပမည် ဖြစ်ကြောင်း အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ သိရသည်။

ပညာသင် ထူးချွန်ဆု ရွေးချယ်ရာတွင် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသားများအနေဖြင့် မြို့နယ် တစ်မြို့နယ်လျှင် ကျောင်းသားတစ်ဦး၊ မြို့နယ်ခွဲ တစ်ခုလျှင် ကျောင်းသား တစ်ဦးစီ ရွေးချယ်မည် ဖြစ်ပြီး အခြေခံပညာ အလယ်တန်း အဆင့်အနေဖြင့် မြို့နယ်အလိုက် ကျောင်းသား နှစ်ထောင်အောက် ရှိသည့် မြို့နယ်၌ ကျောင်းသား နှစ်ဦး၊ ကျောင်းသား နှစ်ထောင်မှ ခြောက်ထောင် ကြားရှိသည့် မြို့နယ်များ၌ ကျောင်းသားသုံးဦး မှ လေးဦးနှင့် ကျောင်းသား ခြောက်ထောင်မှ ကိုးထောင် အထိရှိသည့် မြို့နယ်၌ ကျောင်းသားငါးဦး မှ ခုနစ်ဦးအထိ ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

အခြေခံပညာ အလယ်တန်း နှင့် အထက်တန်း အဆင့် ပညာသင် ထူးချွန်ဆု စာမေးပွဲကို စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသားများ ပါဝင်ဖြေဆို ရမည်ဖြစ်ပြီး အင်္ဂလိပ်စာ နှင့် အထွေထွေ ဗဟုသုတ နှစ်ဘာသာကို တစ်ရက်စီ ဖြေဆိုရမည် ဖြစ်ကြောင်း ပညာသင်ဆုကြေး တစ်လလျှင် အလယ်တန်း အဆင့် အတွက် ငွေကျပ်နှစ်သောင်း နှင့် အထက်တန်း အဆင့်အတွက် ငွေကျပ် သုံးသောင်းစီ လစဉ် ပေးအပ်မည် ဖြစ်ကြောင်း အမှတ်(၁) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

အဆိုပါ စာမေးပွဲသို့ အခြေခံပညာ ကျောင်းများမှ အတန်းစဉ် အလိုက် အကျ၊ အရှုံး မရှိဘဲ ဘာသာစုံ ထူးချွန်နှင့် ဘက်စုံ ထူးချွန်ဆုများ ရရှိခဲ့သည့် ကျောင်းသား တစ်ဦးစီကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးဦးဆောင် သည့်အဖွဲ့က ရွေးချယ်၍ အဆိုပါ မြို့နယ်ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား များနှင့် စုပေါင်း၍ မြို့နယ်အလိုက် ဝင်ရောက် ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger