www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 27, 2015

ပြည်တွင်းပြည်ပ ဈေးကွက်သို့ ၈၀ ဂရမ်အလေးချိန်ရှိ ကဏန်းများ တရားဝင်တင်ပို့ ရောင်းချခွင့်ပြု



ရန်ကုန် ၊ ၂၇-၃-၂၀၁၅

ယခင်က ကဏန်းများကို ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ တင်ပို့ ရောင်းချရာ တွင် ၁ဝဝ ဂရမ်နှင့် အထက် အလေးချိန် ရှိသည့် ကဏန်းများ ကိုသာ တင်ပို့ရောင်းချ ခွင့်ပြု ထားခဲ့သော်လည်း လုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲ များနှင့် ရင်ဆိုင် နေရခြင်းကြောင့် ဖြေလျှော့မှု အနေဖြင့် ၈ဝ ဂရမ်နှင့် အထက် ကဏန်းများ အထိ တရားဝင်တင်ပို့ ရောင်းချခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကဏန်းလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောသည်။

ယခုအချိန်တွင် ပြည်တွင်း ပြည်ပ ဈေးကွက်များ အတွင်း ကဏန်း စားသုံးမှု မြင့်တက်လာပြီး ဝယ်လိုအား မြင့်မား လာခြင်းကြောင့် ကဏန်း မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သည့် နေရာများ၌ ကဏန်းမျိုး ထိန်းသိမ်းရေး
ဒေသဆိုင်ရာ အာဏာပိုင် များနှင့် ပူးပေါင်း လုပ်ကိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကဏန်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ထို့အပြင် ကဏန်းပျော့ မွေးမြူရေး လုပ်ကိုင်သူများ အနေဖြင့် ၆ဝ ကီလို အလေးချိန်အောက် ကဏန်းငယ်လေး များကို ဖမ်းယူခြင်းနှင့် ကဏန်းပျော့ အဖြစ် မွေးမြူခြင်း မပြုလုပ်ဘဲ မြစ်၊ ချောင်းများ အတွင်းသို့ ပြန်လွှတ် ပေးရန် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

''ဒီအချိန်မှာ ကဏန်းပျော့ မွေးမြူရေးက ခေတ်စားနေတယ်။ အောင်လည်း အောင်မြင် နေတယ်။ အရင်က ကဏန်း မွေးမြူရေး လုပ်တဲ့သူတွေ ဒီလောက်ကြီး ပိုက်ဆံ မရဘူး။ ဒီ ကဏန်းပျော့ ကိုမွေးမှ ပိုက်ဆံ ပိုရလာတယ်။ ဈေးကွက် ကလည်း ကြီးလာတယ်။ ကဏန်းပျော့ ကလည်း သူ့သဘာဝ အတိုင်း ပေါက်ပွား နေကြတဲ့ ကဏန်းငယ် လေးတွေကို အခြေခံပြီး လုပ်ရတာကိုး။ အဲဒီအတွက် ၆ဝ ကီလိုအောက် ကဏန်းငယ် လေးတွေကို မြစ်ထဲ၊ ချောင်းထဲ ကို ပြန်လွှတ်ခိုင်းတာ။ မျိုးထိန်း တာပေါ့။ အဲဒါတွေ လုပ်ဖို့ ထုတ်ပြန် ထားပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger