www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 26, 2015

သမိုင်းဝင် စောလူးမင်းကျောက်စာ အကြောင်း စာတမ်းဖတ်ပွဲကို အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ပြုလုပ်မည်



မြစ်သား ၊ ၂၆-၃-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး မြစ်သားမြို့ ပေတောကျောင်းတိုက် ရှိ နောက်တွေ့ ကျောက်စာအသစ် ဖြစ်သော စောလူးမင်း ကျောက်စာ နှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲ တစ်ရပ်ကို မတ် ၃ဝရက်တွင် အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ၌ ကျင်းပမည် ဖြစ်သည်။

အရှေ့တောင်အာရှ သမိုင်း သုတေသန အသင်းမှ ပညာရှင်များ ဦးဆောင် ဖတ်ကြားမည်ဖြစ်ပြီး အင်္ဂလန်နိုင်ငံ မြန်မာစာအဖွဲ့၊ ဂျာမနီ၊ အမေရိကန်၊ ပြင်သစ်နိုင်ငံ တို့မှ သမိုင်း သုတေသန ပညာရှင် လေးဦးတို့ ဖတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကျောက်စာတွင် ပါရှိသော မြန်မာစာ၊ ပျူစာ၊ မွန်စာ တို့ကို ပါဠိ အက္ခရာများနှင့် လည်းကောင်း၊ ၁၅ ရာစု ဓမ္မစေတီမင်းကြီး ရေးထိုးခဲ့သော ကလျာဏီသိမ် ကျောက်စာမှ မွန်အက္ခရာ များကိုလည်းကောင်း အသီးသီး အက္ခရာ ဖလှယ်၍ ဖတ်ကြားသွားမည် ဖြစ်ကြောင်း မြန်မာမှု ဗိသုကာ ပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောပြသည်။

အဆိုပါ ကျောက်စာ အကြောင်းကို မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ က ဆရာကြီး ဦးမောင်မောင်တင် ၏ (၉၇)နှစ်မြောက် မွေးနေ့တွင် ''စောလူးမင်း ကျောက်စာ ပဏာမ တွေ့ရှိချက်'' ဆိုသည့် ခေါင်းစဉ်ပါ စာတမ်း တစ်ရပ်ကို တမ္ပဝတီ ဦးဝင်းမောင် က ပထမအကြိမ် ဖတ်ကြားခဲ့သည်။

ထို့နောက် မွန်ကမ္ပည်း ကျောက်စာ ပညာရှင် နိုင်ဘရှင် နှင့် အက္ခရာ ဗေဒပညာရှင် မစ်ကီးဟတ် တို့ကလည်း ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က မြစ်သားမြို့ ပေတောကျောင်းတိုက် မေတ္တာရင်ခွင် ကျောင်းဆောင်တွင် အသီးသီး စာတမ်း ဖတ်ကြား ခဲ့သည်။

၂ဝ၁၄ ခုနှစ်ဧပြီ ၆ ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက် ဘက်စုံခန်းမ၌ ယဉ်ကျေးမှု ဝန်ကြီးဌာနက ဦးဆောင် ကျင်းပသည့် ဖိုရမ်တွင် ပျူကမ္ပည်း ကျောက်စာပညာရှင် ဦးစိန်ဝင်း၊ မွန်ကမ္ပည်း ကျောက်စာ ပညာရှင် နိုင်ဘရှင်၊ ပျူကမ္ပည်း ကျောက်စာ ပညာရှင် ဒေါက်တာ မောင်မောင်ဆွေ တို့ကလည်း စောလူးမင်း ကျောက်စာနှင့် ပတ်သက်သည့် စာတမ်းများ တင်သွင်းဖတ်ကြား ခဲ့သည်။ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ တွင် ဒိန်းမတ်နိုင်ငံမှ နိုင်ဘီထောမွန်းဇြာ ကလည်း စာတမ်းတစ်စောင် ပြုစုတင်သွင်း ခဲ့သည်။

စောလူးမင်း ကျောက်စာ ကို မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံ အသီးသီးကပါ စိတ်ဝင်တစား လေ့လာဖော်ထုတ် နေခြင်းကို သိရသဖြင့် မြစ်သားမြို့ အတွက်သာမက မြန်မာနိုင်ငံ အတွက်ပါ များစွာ ဂုဏ်ယူ ဝမ်းမြောက် မိကြောင်း စောလူးမင်း ကျောက်စာ ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီမှ ပြောကြားသည်။

ရွှေရည်ဦး (မြစ်သား)

စောလူးမင်းမိဖုရား သီရိစန္ဒာဝဋံသကာဒေ၀ီ ၏ ကျောက်စာရှင်းတမ်း

မြစ်သားမြို့ရှိ မွန်ကျောက်စာ သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့်က ရေးထိုးထားသော ဘုရားမြေလှူ မွန်ကျောက်စာ တစ်ချပ်ဖြစ်

ဘာသာငါးမျိုး အက္ခရာငါးမျိုးဖြင့် ရေးထိုးထားသော သမိုင်းတန်ဖိုးကြီးမားသည့် ကျောက်စာ ဖြစ်သားမြို့၌ တွေ့ရှိ

မြစ်သားမြို့တွင် တွေ့ရသော ကျောက်စာချပ် မှာ နှစ်ပေါင်း ၈၀၀ ကျော်က မွန်ကျောက်စာဖြစ်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger