www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 10, 2015

ချင်းပြည်နယ် နတ်မတောင် အမျိုးသားဥယျာဉ် အပြင် ရိဒ်ရေကန် အပါအ၀င် တခြားသော နေရာများအား ခရီးသွားလုပ်ငန်း အခြေခံစခန်းအဖြစ် တိုးချဲ့ရန်စီစဉ်


ချင်းပြည်နယ် မတူပီမြို့နယ် ရှိ ဘုံတလာရေတံခွန် အားတွေ့ရစဉ်

ရန်ကုန် ၊ ၁၀-၃-၂၀၁၅

ချင်းပြည်နယ် နတ်မတောင် အမျိုးသား ဥယျာဉ် အပါအဝင် တခြားနေရာများ ဖြစ်သည့် ရိဒ်ရေကန်၊ ဘွေပါးတောင် နှင့် ဇိမ်မှုတောင် တို့အား ခရီးသွား လုပ်ငန်းများ၏ အခြေခံစခန်း အဖြစ် တိုးချဲ့ တည်ထောင်ရန် စီစဉ်နေကြောင်း ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ 

အဆိုပါ ဒေသများသို့ ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်မှု များပြားနေသည့် အတွက် ခရီးသွား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး လာရန် လိုအပ်ကြောင်း၊ ချင်းပြည်နယ် အတွင်း သဘာဝ အခြေပြု ခရီးသွား လုပ်ငန်းများဖြင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အား ဆွဲဆောင်နိုင်ရန် နတ်မတောင် အမျိုးသား ဥယျာဉ်နှင့် ဘုံတလာ ရေတံခွန် တို့ရှိပြီး ခရီးသွားများ အဆင်ပြေစွာ တည်းခို နိုင်ရန် ဟိုတယ် အရေအတွက် လုံလောက်စွာ မရှိသေး သော်လည်း နောက်ပိုင်းတွင် ပြည့်စုံ လာမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း ဝန်ကြီးဌာန အနေဖြင့် သဘာဝ အခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန် ဟိုတယ် အဆောက်အအုံ များအပြင် ကျွမ်းကျင် ဝန်ထမ်းများနှင့် ခရီးသွားများ ၏ လုံခြုံရေး အတွက်လည်း စနစ်တကျ စီစဉ်ပေးရန် လိုအပ်ကြောင်း၊ ချင်းပြည်နယ် နတ်မတောင် အမျိုးသား ဥယျာဉ်တွင် ကမ္ဘာပေါ်၌ ပျောက်ကွယ်လု နီးပါး ဖြစ်နေသည့် ငှက်များ၊ လိပ်ပြာများနှင့် သဘာဝ တောတောင် ရေမြေများ ရှိနေသောကြောင့် ကမ္ဘာလှည့် ခရီးသွားဧည့်သည် များအား ဆွဲဆောင်မှု တစ်ခု ဖြစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ နတ်မတောင် အမျိုးသား ဥယျာဉ် အပါအဝင် အမျိုးသား ဥယျာဉ် သုံးခု၌ ဇီဝ အရင်းအမြစ် အချက်အလက်များ ကောက်ယူ၍ ဇီဝမျိုးကွဲ ထိန်းသိမ်းရာတွင် ရေရှည် အသုံးချနိုင်ရန် သုံးနှစ် စီမံကိန်းဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာနမှ သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger