www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 16, 2015

၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း များ၌ ယာဉ်အန္တရာယ် အသိပညာပေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၁၆-၃-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး၌ မော်တော်ယာဉ် အစီးရေ တိုးမြင့်လာသည့် နည်းတူ ယာဉ် မတော်တဆ မှုများလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုဖြစ်ပွား လာသည့်အတွက် ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ် တွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ယာဉ်အန္တရာယ် အသိပညာပေး လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ လက်အောက်ရှိ ပညာပေးနှင့် စည်းကမ်း သတ်မှတ်ရေး ဆပ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျောင်းသား၊ ကျောင်းသူ များသည် ကျောင်းတက် ကျောင်းဆင်းချိန် များတွင် ကားလမ်းများ ဖြတ်ကူးသော အခါ၌ ဖြစ်စေ၊ ဘတ်စ်ကားများ၊ ကျောင်းကားများ၊ စက်ဘီးများ စီး၍ ကျောင်းသွား ကျောင်းပြန်ချိန် များတွင်ဖြစ်စေ၊ ကားလမ်းဘေးမှ လမ်းလျှောက် သွားလာသော အခါတွင် ဖြစ်စေ သတိထားသင့်သည့် အချက်များကို ပိုမို သိရှိ လာစေရန် ရည်ရွယ်ချက်ဖြင့် ပညာပေး လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ -၂ဝ၁၅ ပညာသင်နှစ်တွင် အဆိုပါ ပညာပေး လုပ်ငန်းများကို စီမံချက် တစ်ရပ် အနေဖြင့် လုပ်ဆောင်ခဲ့ပြီး ရန်ကုန် မြို့တွင်းရှိ အလယ်တန်း၊ အထက်တန်း နှင့် အခြေခံပညာ ကျောင်းပေါင်း ၆ဝ တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ ယင်းစီမံချက် ကို ပညာသင်နှစ် အစပိုင်းမှ စတင်ကာ တစ်ရက်လျှင် စာသင်ကျောင်း တစ်ကျောင်းနှုန်း၊ တစ်လလျှင် စာသင်ကျောင်း ၂ဝ နှုန်းနှင့် သုံးလနီးပါး လိုက်လံ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ စာသင်ကျောင်း တစ်ကျောင်းလျှင် တစ်နာရီခွဲ နီးပါး အချိန်ယူကာ ယာဉ်အန္တရာယ် အသိပညာပေး ခြင်းနှင့် ပတ်သက်သော ဟောပြော ပို့ချခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်း စသည့် လုပ်ငန်းများကို ပညာပေးနှင့် စည်းကမ်း သတ်မှတ်ရေး ဆပ်ကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အတူ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်များ မှ တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကာ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger