www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 20, 2015

ဟိုတယ်ဝန်ဆောင်မှု နှင့် အခြားသော ခရီးသွား ၀န်ဆောင်မှုများ၌ ဒေါ်လာအစား မြန်မာကျပ်ငွေ ကိုသာ အသုံးပြုရန်စီစဉ်


ရန်ကုန် ၊ ၂၀-၃-၂၀၁၅

ခရီးသွားလုပ်ငန်း များတွင် ဟိုတယ် ဝန်ဆောင်မှုနှင့် အခြားသော ခရီးသွား ဝန်ဆောင်မှု များ၌ အမေရိကန် ဒေါ်လာအစား မြန်မာကျပ်ငွေ ကိုသာ အသုံးပြုရန် လုပ်ငန်းရှင်များ က ပန်ကြား ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

ထိုကဲ့သို့ ပန်ကြားထားသည် မှန်သော်လည်း အမေရိကန် ဒေါ်လာ အစား မြန်မာကျပ်ငွေ အသုံးပြုရေး ဆောင်ရွက်ရန် လုပ်ပိုင်ခွင့် အကန့်အသတ် များစွာရှိနေသည့် အတွက် လုပ်ငန်းရှင်များထံ တိုက်ရိုက် ညွှန်ကြားရန် အခက်အခဲ ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

ဗဟိုဘဏ်မှ ငွေကြေး ဆောင်ရွက်မှု အပါအဝင် မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက် စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနတို့ ထံသို့ မြန်မာကျပ်ငွေ ကိုသာ အသုံးပြုရန် အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက အကြောင်းကြားစာ ပေးပို့ပြီး ဖြစ်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူများက ပြောကြား ထားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန အနေဖြင့် ယခုနှစ် ခရီးသွားရာသီ အတွင်း နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုကို လေးသန်းကျော် မျှော်မှန်းထားကာ လက်ရှိတွင် ဖေဖော်ဝါရီလ ကုန်ထိ ခရီးသွား ဝင်ရောက်မှု ခြောက်သိန်းကျော် ရှိပြီးဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ လုပ်ငန်းရှင်တွေ ဘက်မှာတော့ ဒီလိုမျိုး မြန်မာကျပ်ငွေ အသုံးပြုရေး အတွက်ကို အရင်တုန်းက ဆွေးနွေး နေကြတာ ရှိပါတယ်။ လိုက်နာ လုပ်ဆောင်ဖို့ လဲ ရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်က ငွေလဲနှုန်း တွေကိုလဲ တာဝန်ရှိ တဲ့သူတွေက တည်ငြိမ်မှု ရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ် '' ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးနောင်းနောင်းဟန် က ပြောပြသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger