www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 23, 2015

အမျိုးသားပို့ကုန် မဟာဗျူဟာစီမံကိန်းကို မကြာမီ ထုတ်ပြန်ကြေညာမည်


ရန်ကုန် ၊ ၂၃-၃-၂ဝ၁၅

ရေးဆွဲထားသော အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်းကို ပြည်သူများနှင့် လုပ်ငန်းရှင်များ သိရှိစေရန် သက်ဆိုင်ရာမှ မကြာမီ ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ ပြည်တွင်းပြည်ပ ကုန်သွယ်ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန်၊ ပြည်တွင်းမှ ပို့ကုန်ပစ္စည်း များကို ပြည်ပသို့ တင်ပို့ရာတွင် စည်းစနစ်တကျ ဖြစ်လာစေရန်နှင့် ကုန်စည် စီးဆင်းမှု ပိုမိုမြန်ဆန် လာပြီး ပြည်ပ ဈေးကွက်များ ချဲ့ထွင် လာနိုင်စေရန် စသည့် ရည်ရွယ်ချက် များကြောင့် အဆိုပါ အမျိုးသား ပို့ကုန် မဟာဗျူဟာ စီမံကိန်းကို စီစဉ် ရေးဆွဲခြင်း ဖြစ်ပြီး မတ် ၂၅ ရက်တွင် ထုတ်ပြန် ကြေညာရန် စီစဉ် ထားကြောင်း သိရသည်။

မဟာဗျူဟာ စီမံကိန်းကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးဆွဲထားပြီး ငါးနှစ်စီမံကိန်း အနေဖြင့် စီစဉ် ရေးဆွဲထားခြင်း ဖြစ်၍ စီမံကိန်းတွင် ပါဝင်သော အချက်အလက် များကို မတ် ၁၈ ရက်က သက်ဆိုင်ရာ တာဝန်ရှိ သူများမှ သတင်းမီဒီယာ များသို့ ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်တွင် အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက် လာနိုင်သည့်အခါ ပြည်ပနိုင်ငံ များသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် တိကျ ခိုင်မာသော မူဝါဒများ ရှိခြင်းကြောင့် ထိခိုက်နစ်နာ မှုများ ရှိမည် မဟုတ်ကြောင်း၊ ယင်း မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲရာတွင် အကြို ညှိနှိုင်းခြင်း၊ အသေးစိတ် ဆွေးနွေးခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း နှင့် အကောင်အထည် ဖော်ခြင်း ဟူသော အဆင့် လေးဆင့်ဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့အပြင် အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်းသည် ပြည်ပနိုင်ငံ များသို့ ပို့ကုန် ပစ္စည်းအမယ်များ တိုးမြင့် လာစေရန်၊ ပြည်တွင်း၌ တန်ဖိုးမြှင့် ထုတ်ကုန် ( Value Added Product ) များ ပိုမိုထုတ်လုပ် လာနိုင်စေရန်နှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ သည်လည်း ပြည်ပ ဈေးကွက်များသို့ ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့ လာနိုင်စေရန် စသည့် ရည်မှန်းချက် များဖြင့် ပြည်တွင်းပြည်ပမှ ကျွမ်းကျင် သူများနှင့် တာဝန်ရှိ သူများ စုပေါင်း ရေးဆွဲခဲ့သော စီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger