www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 4, 2015

ခေတ်မီနည်းစနစ်များဖြင့် ငါးမွေးမြူ


ခေတ်မီနည်းစနစ်များဖြင့် ငါးမွေးမြူ

ကမ္ဘာပေါ်တွင် တစ်နေ့တခြား လူဦးရေ တိုးတက် များပြား လာသည့် အလျောက် လူတို့နေ့စဉ် စားသုံးရန် အတွက် စားနပ်ရိက္ခာ သည်လည်း အဓိက လိုအပ်ချက် ဖြစ်သည်။ ထို့ကြောင့် စားနပ်ရိက္ခာ ပြည့်စုံရေး အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး တို့ကို နိုင်ငံတိုင်း အနေဖြင့် တိုးချဲ့ လုပ်ကိုင် လာကြသည်။

မြန်မာနိုင်ငံ အနေဖြင့်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ဆင်းရဲမှု လျှော့ချရေး အတွက် မြစိမ်းရောင် စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိသည်။ ထိုသို့ ဆောင်ရွက် ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းသည် အဓိက အခန်းကဏ္ဍ မှ ပါဝင်လျက် ရှိသည်။

ထို့ကြောင့် ရေမြေ သယံဇာတ ပေါများသည့် မြန်မာနိုင်ငံ တွင် စိုက်ပျိုးရေး လုပ်ငန်းများ ရေချို၊ ရေငန် ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင် လာကြသည်။ ထို့ပြင် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေး ကန်များဖြင့် မွေးမြူ လာကြရာ ပြည်တွင်း စားသုံးမှု ဖူလုံပိုလျှံ သည့်အပြင် ပြည်ပ သို့လည်း တင်ပို့ ရောင်းချ နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် သဘာဝ အလျောက် ငါးဖမ်းယူ နိုင်သည့် မြစ်ချောင်း အင်းအိုင် ပေါများသဖြင့် ရေထွက်ပစ္စည်း ပေါများလျက် ရှိသည်။ ထို့ပြင် ပင်လယ် ကမ်းရိုးတန်း ကိုလည်း ပိုင်ဆိုင် ထားသော ကြောင့် ပင်လယ် ငါးဖမ်း လုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင် လာကြသည်။

ပင်လယ် ငါးဖမ်း လုပ်ငန်းများသည် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်း များကို တိုင်းရင်းသား လုပ်ငန်းရှင် များက စည်းမျဉ်း၊ စည်းကမ်း ဥပဒေနှင့် အညီ လုပ်ကိုင်ခွင့် ပေးလျက် ရှိသည်။ ထို့ကြောင့် ငါးမွေးမြူရေး ကန်များကို တိုးချဲ့ လုပ်ကိုင် လာလျက်ရှိရာ ယခုအခါ ငါးမွေးမြူရေး ကန်ဧက နှစ်သိန်းကျော် ခန့် တိုးချဲ့ လုပ်ကိုင်နိုင် ခဲ့သည်။

ထိုကဲ့သို့ ငါးမွေးမြူရေး ကန်များကို တိုးချဲ့ လုပ်ကိုင်နိုင် ခဲ့သဖြင့် ဒေသခံ ပြည်သူများ သည်လည်း အလုပ်အကိုင် အခွင့်အလမ်း များ ပွင့်လင်း လာခဲ့ပြီး စားဝတ်နေရေး အတွက်လည်း အဆင်ပြေ လျက်ရှိသည်။ ထို့ပြင် ခေတ်မီ နည်းစနစ် များကို အသုံးပြု လာခြင်းကြောင့် ငါးမျိုးကောင်း၊ မျိုးသန့်များ၊ သားဖောက် ခြင်းများ ဆောင်ရွက် မွေးမြူကာ ပြည်ပ ဈေးကွက်သို့ တင်ပို့ ရောင်းချ ကြသည်။

သို့ဖြစ်ရာ မြန်မာ့ရေထွက် ပစ္စည်း များသည် ပြည်တွင်း၌ စားသုံးမှု အပြင် ပြည်ပ သို့လည်း တင်ပို့ရောင်းချ နိုင်ခြင်းကြောင့် နိုင်ငံခြား ဝင်ငွေများ တိုးတက် ရရှိခဲ့သည်။ ထို့ကြောင့် ငါးမွေးမြူရေး လုပ်ငန်းများကို ခေတ်မီ နည်းစနစ် များဖြင့် ပိုမို ဆောင်ရွက်နိုင် ပါက နိုင်ငံခြား ဝင်ငွေများ ပိုမို တိုးတက်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger