www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 6, 2015

မြန်မာ့သီဟိုဠ်စေ့များ ထိုင်းနိုင်ငံတွင် ဈေးကွက်တွင်ကျယ်နေ


သီဟိုဠ်သရက် နှင့် အစေ့

ကော့သောင်း ၊ ၆-၂-၂၀၁၅

မြန်မာ့ သီဟိုဠ်စေ့များ ထိုင်းနိုင်ငံ ဈေးကွက်တွင် ဈေးကွက် တွင်ကျယ် ခိုင်မာစွာ နေရာရနေ သဖြင့် ၂ဝ၁၄ ခုနှစ် တစ်နှစ်တာ ကာလတွင် ကော့သောင်း နယ်စပ် ကုန်သွယ်ရေး စခန်းမှ တတိယ အများဆုံး တင်ပို့ နေရသည့် ပြည်ပပို့ကုန် အဖြစ် တင်ပို့ရောင်းချ နေရကြောင်း နယ်စပ် ကုန်သွယ်ရေး ဈေးကွက် သတင်းများအရ သိရသည်။

မြန်မာ့ သီဟိုဠ်စေ့ များမှာ ဒေသတွင်း နိုင်ငံများမှ သီဟိုဠ်စေ့ များထက် အရည်အသွေး သာလွန် ကောင်းမွန်နေ သဖြင့် မှာယူမှု များပြား နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလ အထိ ခြောက်လတာ ကာလအတွင်း၌ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၆၂သန်း တန်ဖိုး ရှိ သီဟိုဠ်စေ့ တန်ချိန် ၁၅၃ တန်ကို ကော့သောင်း နယ်စပ် ကုန်သွယ်ရေး စခန်းမှ တင်ပို့ ပေးနိုင် ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၏ စာရင်းများ အရ သိရသည်။

စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ အရ ၂ဝ၁၄ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ကော့သောင်း နယ်စပ် ကုန်သွယ်ရေး စခန်းမှ ထိုင်းနိုင်ငံသို့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၃၈ သန်း တန်ဖိုးရှိ မြန်မာ့ သီဟိုဠ်စေ့ တန်ချိန် ၂၅၈ တန် ကျော်ကို တင်ပို့ ရောင်းချပေးနိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ သီဟိုဠ်သီးကို အချို့သော အရပ်ဒေသ များတွင် သီဟိုဠ် သရက်သီး ဟု ခေါ်ကြသည်။ ၄င်း အပင်သည် နှစ်ရှည်ခံ အပင်မျိုး ဖြစ်ပြီး အပူရှိန်ကို နှစ်သက်သည့် အပင်မျိုး ဖြစ်သည်။ မည်သည့် မြေအမျိုးအစား တွင်မဆို ဖြစ်ထွန်း အောင်မြင် နိုင်သည်။ အထူးသဖြင့် မြစ်ဝ ကျွန်းပေါ် ပင်လယ်ကမ်းခြေ ဒေသ၊ ကုန်းတွင်းပိုင်း နေရာဒေသ တို့တွင်ပိုမို ဖြစ်ထွန်း အောင်မြင် နိုင်သည်။ ထို့ကြောင့် လက်ရှိတွင် ပုသိမ်၊ မြောင်းမြ၊ ငပုတော၊ သာပေါင်း၊ ကန်ကြီးဒေါင့် စသည့် မြို့နယ်တို့ တွင် စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်လျက် ရှိသည်။ သီဟိုဠ်ပင်၏ အသီး နှင့် အရွက်ကို သရေစာနှင့် တို့စရာ အဖြစ်သာ စားသုံး နေကြသဖြင့် ဈေးကွက်မရှိဘဲ အစေ့ကိုသာ အားထား စိုက်ပျိုးရသော အပင် ဖြစ်သည်။

အဆိုပါ ဒေသထွက် သီဟိုဠ်စေ့ များကို ရန်ကုန်မြို့မှ တစ်ဆင့် ပြည်ပ ဈေးကွက်များ ဖြစ်သော တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ နိုင်ငံတို့သို့ တင်ပို့ ရောင်းချကြသည်။ အဆိုပါ ဒေသထွက် သီဟိုဠ်စေ့ များမှာ ယခင်နှစ်က တစ်ပိဿာ လျှင် အမေရိကန် ဒေါ်လာ ၃၅ဝဝ အထိ ဈေးကွက် အတွင်း ပေါက်ဈေး ရရှိကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger