www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 24, 2015

တပ်မတော်ရဟတ်ယာဉ်ဖြင့် ကုန်းကြမ်းမြို့ ရှိ တပ်မတော်သား မိသားစုဝင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ဒေသခံပြည်သူများ အတွက် သွားရောက် ထောက်ပံ့ ၊ ဂျပန်နိုင်ငံသား နှစ်ဦးအား လားရှိုးမြို့သို့ ပို့ဆောင်ပေး



အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ Dr. Minoru Yashida နှင့် Mr. Akio Takahashi တို့အားတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၄-၂-၂၀၁၅

လောက်ကိုင်ဒေသ ကုန်းကြမ်းမြို့ရှိ တပ်မတော် စစ်ကြောင်းများ၊ နယ်မြေခံ တပ်ရင်းဌာနချုပ်ရှိ အရာရှိ/ စစ်သည်/ မိသားစုဝင်များ၊ တိုက်ပွဲရှောင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားသုံးရန်အတွက် အစားအစာ၊ ဆေးဝါးနှင့် လိုအပ်သော အခြား အသုံးအဆောင် ပစ္စည်းများအား ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် ပို့ဆောင် ပေးခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဘိန်းစိုက်ခင်းများ ချေမှုန်း ဖျက်ဆီးရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် ရှမ်းပြည်နယ် ၊ ကုန်းကြမ်းဒေသ၌ တာဝန်ထမ်းဆောင် နေသော ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ Dr. Minoru Yashida နှင့် Mr. Akio Takahashi တို့သည် တိုက်ပွဲများအတွင်း ပိတ်မိနေ၍ နယ်မြေခံတပ်ရင်း ဌာနချုပ်သို့ ရွှေ့ပြောင်း ကယ်ဆယ် ထားရှိခဲ့သည်။

ယမန်နေ့တွင် အဆိုပါ နိုင်ငံခြားသား နှစ်ဦးအား ကုန်းကြမ်းမြို့မှ လားရှိုးမြို့သို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင် လာကာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဧည့်ခန်းမ၌ တွေ့ဆုံ၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ အဖွဲ့များသို့ စနစ်တကျ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger