www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 22, 2015

တပ်မတော်စစ်ကြောင်းများ နှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား ပိတ်ဆို့ထားသော ကိုးကန့် သောင်းကျန်းသူ အဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား



နေပြည်တော် ၊ ၂၂-၂-၂၀၁၅

ကိုးကန့် သောင်းကျန်းသူ များသည် လောက်ကိုင်မြို့ သို့ ဆက်သွယ်သည့် လမ်းကြောင်း များအား ဖြတ်တောက် ပိတ်ဆို့ကာ လောက်ကိုင်မြို့အား အုပ်ချုပ်မှု ခက်ခဲစေရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိသဖြင့် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိသည်။

ဖေဖော်ဝါရီ ၂ဝ ရက် မွန်းလွဲပိုင်းမှ စ၍ ကုန်းကြမ်း- လောက်ကိုင်လမ်း ကြောင်းရှိ ၁၈ မိုင်လမ်းဆုံ အနီးတစ်ဝိုက် တွင် အခြေပြု ခံစစ် ယူထားသည့် ကိုးကန့် သောင်းကျန်းသူ များအား တပ်မတော် စစ်ကြောင်း များက ဝိုင်းပတ်
ပိတ်ဆို့ ရှင်းလင်းရာ စုစုပေါင်း တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ကိုးကန့် သောင်းကျန်းသူများ ယာယီခံစစ် ယူထားသည့် တောင်ကုန်း တစ်ကုန်းအား သိမ်းပိုက် ရရှိခဲ့၍ အလောင်း နှစ်လောင်း၊ အမ်(၂၂) သုံးလက်၊ ၄င်းကျည်အိမ် သုံးခုနှင့် ကျည် ၁၅ တောင့်တို့အား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ တိုက်ပွဲများတွင် တပ်မတော်မှ စစ်သည်တစ်ဦး တိုင်းပြည် အတွက် အသက် ပေးလှူ ခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိ ခဲ့ကာ ဒဏ်ရာရ စစ်သည်များအား တပ်မတော် ရဟတ်ယာဉ် ဖြင့် လားရှိုးမြို့သို့ ဆက်လက် ပို့ဆောင်၍ ဆေးကုသ စေလျက် ရှိသည်။

ယမန်နေ့တွင် တပ်မတော် စစ်ကြောင်းများက အဆိုပါ ၁၈ မိုင်လမ်းဆုံ အနီးတစ်ဝိုက်ရှိ ကိုးကန့် သောင်းကျန်းသူ များအား ဆက်လက် ရှင်းလင်း ဆောင်ရွက်ရာ ကိုးကန့် သောင်းကျန်းသူများမှ စက်သေနတ်များ၊ လက်နက် ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ သဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား၍ တပ်မတော်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ကူ ၂ ကြိမ် ဆောင်ရွက်ခဲ့သည်။ တပ်မတော်မှ သောင်းကျန်းသူ များအား ဝိုင်းပတ်ထိန်းချုပ် အမြစ်ပြတ် တိုက်ခိုက်နိုင်ရေး လိုအပ်သော စစ်ကူများ ထပ်မံ ဖြည့်တင်း၍ ဆက်လက် တိုက်ပွဲဝင်လျက် ရှိသည်။

ယမန်နေ့ တိုက်ပွဲများတွင် တပ်မတော်မှစစ် သည်နှစ်ဦး တိုင်းပြည် အတွက် အသက်ပေး လှူခဲ့ပြီး အရာရှိ၊ စစ်သည် ရှစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့သည်။

လောက်ကိုင်ဒေသ အတွင်း တပ်မတော် စစ်ကြောင်းများက ဆက်သွယ်ရေး လမ်းကြောင်း များအား ဖြတ်တောက် ပိတ်ဆို့လျက် ရှိသည့် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များအား ဆက်လက် တိုက်ခိုက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger