www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 5, 2015

ကျောက်စိမ်း ၇၈ တန် သယ်ဆောင်လာသည့် ယာဉ် ငါးစီးနှင့် လူ ၁၂ ဦးဖမ်းဆီးရမိ




နေပြည်တော် ၊ ၅-၂-၂၀၁၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဒွန်ဘန်ကျေးရွာ အထွက်တွင် နန့်ယားမှ မြစ်ကြီးနား ဘက်သို့ မောင်းနှင်လာသည့် ယာဉ်မောင်း မောင်ဇော်(ဘ) ဦးကျော်အေး၊ ယာဉ်နောက်လိုက် နိုင်ဝင်းဦး (ဘ) ဦးမြင့်စန်း တို့ လိုက်ပါလာ သည့် အဝါရောင် ယူဒီ(၁ဝ)ဘီးယာဉ် ပေါ်မှ ကျောက်စိမ်းတုံး အရွယ်စုံ ၂၆ တန်ခန့်၊ ယာဉ်မောင်း ကိုဖြိုး (ဘ) ဦးစောခွန်ဟောင်း၊ ယာဉ်နောက်လိုက် ကိုပိုက် (ဘ) ဦးစောခွန်ဟောင်း တို့ လိုက်ပါလာသည့် အဖြူရောင် (၁၂)ဘီး ယူဒီ ယာဉ်ပေါ်မှ ကျောက်စိမ်းတုံး အရွယ်စုံ ၂၆ တန်ခန့်၊ ယာဉ်မောင်း စိုးမိုး (ဘ) ဦးစိုးမြင့်၊ ယာဉ်နောက်လိုက် စိန်ဌေး (ဘ) ဦးတင်မောင် တို့ လိုက်ပါလာသည့် အပြာရောင် (၁ဝ)ဘီး ယာဉ်ပေါ်မှ ကျောက်စိမ်းတုံး အရွယ်စုံ ၂၆ တန်ခန့်၊ ယာဉ်မောင်း ဇော်ခေါင် (ဘ) ဦးလာရော မောင်းနှင်၍ ဒေါ်အထန် (ဘ) ဦးဇိုင်းဘောမ်၊ ကိုပေါက်ကြီး၊ မဒိန်ဝမ် နှင့် မခေါင်စွပ် တို့ လိုက်ပါလာသည့် အစိမ်းရောင် ပါဂျဲရိုး လိုင်စင်မဲ့ယာဉ် ပေါ်မှ ငွေကျပ် ၂ဝ၉ သိန်းနှင့် ယာဉ်မောင်းစိုးထွဋ် (ဘ) ဦးသန်းဖေ မောင်းနှင် လာသည့် ခဲရောင် ဆာ့ဖ် လိုင်စင်မဲ့ယာဉ်၊ စုစုပေါင်း ပြစ်မှုကျူး လွန်သူ ၁၂ဦး၊ (၁၂) ဘီးယာဉ် တစ်စီး၊ (၁ဝ)ဘီးယာဉ် နှစ်စီး၊ ပါဂျဲရိုး ယာဉ်တစ်စီး၊ ဆာ့ဖ်ယာဉ် တစ်စီး ၊ ငွေကျပ် ၂ဝ၉ သိန်း နှင့် ကျောက်စိမ်းတုံး အရွယ်စုံ ၇၈ တန်ခန့်အား တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီခန့်တွင် သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် ပြစ်မှု ကျူးလွန်သူများ၊ မော်တော်ယာဉ်များ နှင့် ကျောက်စိမ်းတုံး များအား မြစ်ကြီးနား မြို့နယ် ရဲစခန်းနှင့် ကျောက်စိမ်းရုံးသို့ အပ်နှံ၍ တရားဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger