www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 20, 2015

မြန်မာနိုင်ငံရှိ အထည်ချုပ်နှင့် SMEs လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရန် ဂျပန်လုပ်ငန်းရှင်များ စိတ်ဝင်စားလာ



ရန်ကုန် ၊ ၂ဝ-၁-၂ဝ၁၅

မြန်မာနိုင်ငံ၌ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များက စိတ်ဝင်တစား လေ့လာလျက် ရှိပြီး နောက်ပိုင်းတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းများ လုပ်ဆောင် လာနိုင်ကြောင်း ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးရေး ဗဟိုဌာနမှ သိရသည်။

ထိုသို့ မြန်မာနိုင်ငံ၌ ဂျပန် - မြန်မာ စီးပွားရေး လုပ်ငန်းများ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံမှ Small and Medium Enterprises and Regional Innovation (SMERI) အဖွဲ့သည် မကြာသေးမီက မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ၂၅ ဦးကို ရွေးချယ်ကာ ဂျပန်နိုင်ငံ တိုကျိုမြို့နှင့် အိုဆာကာမြို့ တို့သို့ ဖိတ်ခေါ်ပြီး နှစ်နိုင်ငံ လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် များကို ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲ များတွင် ဂျပန် လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ၊ အထည်ချုပ် လုပ်ငန်းများကို အခြေခံ ကုန်ကြမ်းမှ စပြီး ကုန်ချောများ အထိ ထွက်ရှိ လာနိုင်စေရန် နှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် နှစ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ဖက်စပ် လုပ်ကိုင်ခြင်း၊ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း များနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ ပူးပေါင်း ဆောင်ရွက် နိုင်ပါက မြန်မာနိုင်ငံ၌ SMEs လုပ်ငန်းများသည် စီးပွားရေး လုပ်ငန်းအားလုံး ၏ ၉ဝ ရာခိုင်နှုန်းကျော် ရှိသောကြောင့် အခြေခံ လူတန်းစား များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီး ပေးလာနိုင်မည့် အပြင် နိုင်ငံခြား ဝင်ငွေလည်း တိုးမြင့် လာမည် ဖြစ်ကြောင်း အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးရေး ဗဟိုဌာနမှ သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger