www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 15, 2014

မိုးလေ၀သနှင့် ရာသီဥတုဆိုင်ရာ အချက်အလက်များ ဖော်ပြထားသော Myanmar Climate Data Web Portal စတင်လွှင့်တင်



ရန်ကုန် ၊ ၁၅-၁၂-၂၀၁၄

မြန်မာနိုင်ငံတွင် နေ့စဉ် ပြောင်းလဲဖြစ်ပေါ် နေသော မိုးလေဝသ အခြေအနေနှင့် ရာသီဥတုဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ဖော်ပြထားသော Myanmar Climate Data Web Portal ကို မြန်မာ ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် စတင်လွှင့်ထားပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ Web Portal ကို လွှင့်တင်နိုင် စေရေးအတွက် မြန်မာနိုင်ငံရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနနှင့် ထိုင်းနိုင်ငံ အခြေစိုက် အာရှသဘာဝ ဘေးကြိုတင် ကာကွယ်ရေး ဗဟိုဌာန (ADPC) တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

၎င်း Web Portal လွှင့်တင်နိုင်စေရန် လိုအပ်သော နည်းပညာနှင့် ကုန်ကျစရိတ် များကိုမူ အာရှ သဘာဝဘေး ကြိုတင် ကာကွယ်ရေး ဗဟိုဌာနနှင့် အတူ နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာန မှလည်း ကူညီ ထောက်ပံ့ထားခြင်း ဖြစ်ကြောင်း သိရသည်။

ထို Web Portal ကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဝက်ဆိုက် တစ်ခုဖြစ်သော www.moezala.gov.mm ၀က်ဘ်ဆိုက် နှင့် ချိတ်ဆက် ဆောင်ရွက်ထားခြင်း ဖြစ်ပြီး ပြည်သူ အများသိသင့် သိထိုက်သော နေ့စဉ် မိုးလေဝသ အခြေအနေ နှင့် ရာသီဥတု ဆိုင်ရာ အကြောင်းအရာ အချက်အလက်များ အပြင် မြေငလျင် လှုပ်ရှားခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်းနှင့် အခြားသော သဘာဝ ဘေးအန္တရာယ်များ ဆိုင်ရာ သတင်း အချက်အလက် များကိုလည်း လွှင့်တင် ပေးသွာမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများ၊ ရေကြောင်း/ လေကြောင်း ဆိုင်ရာ လုပ်ငန်းများ စသည့် ရာသီဥတု အခြေ အနေအပေါ် မူတည်လုပ်ကိုင် ကြရသော လုပ်ငန်းများ အတွက် အရေးကြီးသော မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ အချက်အလက် များကို အွန်လိုင်းမှ တစ်ဆင့် အလွယ်တကူ မျှဝေပေး နိုင်စေရန် အဆိုပါ Web Portal ကို စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger