www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 18, 2014

မော်တော်ယာဉ် တင်သွင်းရာတွင် ဆိပ်ကမ်းရောက်မှ သွင်းကုန်ပါမစ် လျှောက်ထားခြင်း ခွင့်ပြုတော့မည်မဟုတ်


ရန်ကုန် ၊ ၁၈-၁၂-၂၀၁၄

၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ လူတစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းမှု များနှင့် ပတ်သက်၍ မော်တော်ယာဉ်များ ဆိပ်ကမ်း ရောက်ရှိပြီးမှ သွင်းကုန်ပါမစ် လျှောက်ထားခြင်းကို ခွင့်မပြု တော့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကူးသန်း ရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

''မော်တော်ယာဉ်တွေ တင်သွင်းကြ ရာမှာ သွင်းကုန်ပါမစ် မရမီ တင်သွင်း တာတွေ၊ သွင်းကုန်ပါမစ် ရရှိပြီး အချိန်မီ မထုတ်ယူ တာတွေ၊ ဆိပ်ကမ်း ရောက်ရှိပြီးမှ သွင်းကုန်ပါမစ် ပြင်ဆင် လျှောက်ထား တာတွေကြောင့်မော်တော်ယာဉ်တွေ ဆိပ်ကမ်းရောက်ရှိ နေပေမယ့် အချိန်ကြာမြင့်စွာ ထားရှိခြင်း တွေကြောင့် ဆိပ်ကမ်းမှာ မော်တော်ယာဉ်တွေ စုပုံတဲ့ အတွက် အခုလို မူဝါဒတွေ ပြင်ဆင်သွားမှာ ဖြစ်ပါတယ်'' ဟု ကူးသန်း ရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဖြစ်လာသည့် အတွက် လူတစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခြင်းများ နှင့် ပတ်သက်၍ မော်တော်ယာဉ် တင်သွင်း ခွင့်ပြုသည့် သွင်းကုန်ပါမစ် ကို သုံးလ ခွင့်ပြုပြီး သက်တမ်းတိုးခွင့် မပြုကြောင်း သိရသည်။

ထို့အပြင် မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ် လျှောက်ထားရာတွင် ပြုပြင်ပြီး မော်တော်ယာဉ် များအတွက် ပြုပြင်ပြီးအဆင့် အချက် ခြောက်ချက်ပါ အတိုင်း တင်သွင်းပါမည် ဟူသော ဝန်ခံကတိ တင်ပြ လျှောက်ထားရမည် ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

သီရိ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger