www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 22, 2014

ကယားပြည်နယ်အတွင်း တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ဒေသခံပြည်သူ များအား 
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ဒေသခံပြည်သူ များအား 
ကျန်းမာရေး ပညာပေး ဟောပြောစဉ်

နေပြည်တော် ၊ ၂၂-၁၂-၂၀၁၄

ကယားပြည်နယ် တွင် ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် လွိုင်ကော်မြို့ နှင့် ရွာသစ်မြို့ တို့တွင် ဖြန့်ခွဲ အခြေပြု၍ ဖရူဆိုမြို့၊ မော်ချီးမြို့၊ ဒေါလဒူကျေးရွာ နှင့် မာဆေးပလို ကျေးရွာများသို့ အဖွဲ့ငယ်များ ခွဲကာ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက်နှင့် ၂ဝ ရက်တို့တွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၄၂၆ ဦး၊ ခွဲစိတ် ရောဂါ ၁ဝ၆ ဦး၊ ကလေးရောဂါ ၂၅၁ ဦး၊ သားဖွားမီးယပ် ရောဂါ ၄၂ ဦး၊ အရိုးရောဂါ ၁၆၃ ဦး၊ နား နှာခေါင်း လည်ချောင်းရောဂါ ၄၆ ဦး၊ မျက်စိရောဂါ ၁ဝ၇ ဦးနှင့် သွားရောဂါ ၇၂ ဦး၊ စုစုပေါင်း ၁၂၁၃ ဦးတို့အား လိုအပ်သည့် ကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာ ၁၂ ဦးကို လွိုင်ကော်မြို့ရှိ တပ်မတော် ဆေးရုံသို့ လွှဲပြောင်း ကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။

ထိုကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း နှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု၍ ဆေးကုသမှု ခံယူနေသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးသည်။

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ အနေဖြင့် ဒီဇင်ဘာ ၁၇ ရက်မှစ၍ ကယားပြည်နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ရာ ယနေ့အထိ ကယားပြည်နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၂၁၈၁ ဦးအား လိုအပ်သော ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger