www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 18, 2014

ရန်ကုန်မြို့တွင် အလုပ်သမား တိုင်းရင်းဆေးရုံသစ် ဖွင့်လှစ်ရန်စီစဉ်


လူမှုဖူလုံရေး ဝန်ကြီး ဌာနမှ ဆေးကုသ ဆောင်ရွက်ပေး နေသော ရွေ့လျား ဆေးကုသယာဉ် 

ရန်ကုန် ၊ ၁၈-၁၂-၂၀၁၄

အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ကြီးမှူးပြီး လူမှုဖူလုံရေး အဖွဲ့ဝင် အလုပ်သမားများ အတွက် တိုင်းရင်း ဆေးရုံသစ် တစ်ခုကို လာမည့် ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ မြို့နယ်၌ ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ တိုင်းရင်းဆေးခန်း များ၏ အကူအညီဖြင့် အလုပ်သမားများ အတွက် တိုင်းရင်း ဆေးရုံသစ်ကို လှိုင်သာယာတွင် စတင် ဖွင့်လှစ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ရန်ကုန်၊ မန္တလေး နှင့် ထန်းတပင်မြို့နယ် တို့တွင် ဖွင့်လှစ်ထား သော အလုပ်သမား ဆေးရုံကြီး များ၌လည်း တိုင်းရင်း နည်းပညာဖြင့် ဆေးကုသ ပေးခြင်းများကို ထည့်သွင်း ဆောင်ရွက် သွားမည့်အပြင် အလုပ်သမား များသော မြို့နယ်များရှိ လူမှုဖူလုံရေး ဆေးပေးခန်းများ ၌လည်း ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် သွားရန် အစီအစဉ် ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လှိုင်သာယာ မြို့နယ်တွင် ဖွင့်လှစ်မည့် အဆိုပါ အလုပ်သမား တိုင်းရင်း ဆေးရုံသစ် တွင် လာရောက် ဆေးကုသမှု ခံယူသော လူမှုဖူလုံရေး အဖွဲ့ဝင် အလုပ်သမားများကို အလုံးစုံ အခမဲ့ ဆေးကု ပေးသွားမည် ဖြစ်ပြီး အကယ်၍ အပြင် ဆေးဆိုင်များမှ ဆေးဝယ်သောက် ရပါကလည်း ကျသင့်သော ဆေးဖိုးများ အတွက်ဆေးရုံမှ တာဝန်ယူ သွားမည်ဟု သိရသည်။

ထို့အပြင် ယခုလက်ရှိ လူမှုဖူလုံရေး ဝန်ကြီး ဌာနမှ လိုက်လံ ဆေးကုသ ဆောင်ရွက်ပေး နေသော ရွေ့လျား ဆေးကုသယာဉ် သည် အလုပ်သမားများကို အနောက်တိုင်း ဆေးပညာဖြင့်သာ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိရာ လိုအပ်လာ ပါက တိုင်းရင်းဆေး ပညာဖြင့် ဆေးကုသမှု ခံယူလိုသူများ အတွက်လည်း နောက်ထပ် ရွေ့လျား ဆေးကုသယာဉ်များ ထပ်မံဝယ်ယူ ဖြည့်တင်း ဆောင်ရွက် သွားမည်ဟု သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger