www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 26, 2014

ခေတ်မီတပ်မတော်(ရေ) တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သော ကဏ္ဍတစ်ရပ်


ခေတ်မီတပ်မတော်(ရေ) တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သော ကဏ္ဍတစ်ရပ်

ဗိုလ်ရွှေမင်းသိမ်း

(၆၇) နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ ဖြစ်သော ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့ တွင် ဒုံးပျံတင် ဖရီးဂိတ် စစ်ရေယာဉ် စစ်ရေယာဉ် ကျန်စစ်သားနှင့် အမြန်သွား ကင်းလှည့် တိုက်ရေယာဉ် တပ်တော်ဝင် အခမ်းအနားအား ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ဂုဏ်ပြုချီးမြှင့် တက်ရောက် ခဲ့ပါသည်။


ဒုံးပျံတင် ဖရီးဂိတ် စစ်ရေယာဉ် ကျန်စစ်သား

တပ်မတော်(ရေ)ရှိ ရေတပ် သင်္ဘောကျင်း ဌာနချုပ်မှ တပ်မတော်(ရေ) အင်ဂျင်နီယာ အရာရှိများ၊ ဒီဇိုင်း ပညာရှင်များ နှင့် စက်မှုလက်မှု ဆိုင်ရာ စစ်သည်များ၏ အားကြိုးမာန်တက် အိုးပစ် အိမ်ပစ် နေ့ဆိုင်း၊ ညဆိုင်းဖြင့် တည်ဆောက် ထားသော ခန့်ထယ် ကြီးမားသည့် ဒုံးပျံတင် ဖရီးဂိတ် စစ်ရေယာဉ် ကျန်စစ်သား မှာ အလျား(၁ဝ၈) မီတာ၊ အနံ (၁၃.၄)မီတာ၊ ရေစူး (၃.၄) မီတာရှိပြီး ဝန်ပြည့်တန်ချိန် (၁၈၅ဝ) တန် ရှိပါသည်။ ¤င်း စစ်ရေယာဉ် ကြီးတွင် တပ်ဆင်ထားသည့် စွမ်းရည်မြင့် ခေတ်မီ ရေပြင်မှ ရေပြင်ပစ် ဒုံးပျံ၊ အမြောက်ကြီးများ၊ ရေပြင်မှ ဝေဟင်ပစ် အမြောက်များ၊ စက်သေနတ်များ၊ ရေပြင် ပစ်မှတ်ရှာ ရေဒါများ၊ ဝေဟင် ပစ်မှတ်ရှာ ရေဒါများနှင့် ရေအောက် ပစ်မှတ်ရှာ ကိရိယာများ သည်လည်း တပ်မတော်(ရေ) ၏ စစ်ဆင်ရေး နယ်ပယ်(၄)ရပ် ဖြစ်သော ရေပြင် စစ်ဆင်ရေး၊ ရေပြင်မှ ဝေဟင် စစ်ဆင်ရေး၊ ရေအောက် စစ်ဆင်ရေး နှင့် အီလက်ထရောနစ် စစ်ဆင်ရေး များတွင် စွမ်းရည်ထက် မြက်သည့် ခေတ်မီ ဖရီးဂိတ် စစ်ရေယာဉ် ဖြစ်သဖြင့် ပင်လယ်ပြင်တွင် သီးခြား လွတ်လပ်စွာ စစ်ဆင်နိုင်စွမ်း၊ တာဝန် တပ်ဖွဲ့ကို ကွပ်ကဲ တိုက်ပွဲဝင်နိုင်စွမ်း များဖြင့် တိုက်ပွဲဝင် အသင့် အနေအထားရှိကြောင်း တွေ့ရပါသည်။

တပ်မတော်(ရေ)၏ စစ်ရေယာဉ် တည်ဆောက်မှု သမိုင်းကြောင်းကို အကျဉ်းချုပ် တင်ပြရသော် လွတ်လပ်ရေး ရပြီးစ ကာလတွင် ပြည်တွင်း သောင်းကျန်းမှု နှိမ်နှင်းရေး လိုအပ်ချက်အရ စစ်ရေယာဉ် များအား ပြည်ပမှ ဝယ်ယူအင်အား ဖြည့်တင်းကာ နိုင်ငံတော် လုံခြုံရေး တာဝန်ကို ထမ်းဆောင်ခဲ့ ရပါသည်။ ၁၉၆ဝ ပြည့်နှစ်မှ စ၍ စစ်ရေယာဉ်ငယ် များအား ဒေါပုံ သင်္ဘောကျင်း၊ ဆင်မလိုက် သင်္ဘောကျင်း များတွင် ကမ်းထိုးရေယာဉ် ငယ်များ၊ မြစ်တွင်းသွား တိုက်ရေယာဉ် များကို တည်ဆောက် နိုင်ခဲ့ပါသည်။

ရေတပ်ပင်မ စက်မှုလက်မှုတပ် တည်ထောင်ပြီး နောက်ပိုင်း တွင်လည်း မြစ်တွင်း ကင်းလှည့် ရေယာဉ်များ တည်ဆောက်ခြင်းမှ အစပြု၍ ရေယာဉ်ငယ်များ စမ်းသပ် တည်ဆောက်မှုမှ ရရှိသော လုပ်ငန်း ကျွမ်းကျင်မှု များနှင့် အတွေ့အကြုံများ အပေါ် အခြေခံလျက် တပ်မတော်မှ ရွေးချယ်လေ့ကျင့် ပေးထားသော နိုင်ငံတကာ အဆင့်မီ ရေယာဉ် တည်ဆောက်ရေး နည်းပညာရှင် Naval Architect များ၏ ဦးနှောက်များနှင့် ပေါင်းစပ် လိုက်သောအခါ ယနေ့ တပ်မတော်(ရေ)၏ ရေယာဉ် တည်ဆောက်မှု အခန်းကဏ္ဍသည် သမိုင်းတစ်ခေတ် ဆန်းသစ် နိုင်ခဲ့ပြီး ကမ်းခြေစောင့် တိုက်ရေယာဉ်များ၊ ပင်လယ်သွား ကမ်းထိုး ရေယာဉ်များ၊ တိုက်ရေယာဉ် များနှင့် မြန်မာ့သင်္ဘော ကျင်းတွင် တည်ဆောက်ခဲ့သော ကော်ဗက် စစ်ရေယာဉ်များမှ ခေတ်မီ နည်းပညာသုံး စစ်ရေယာဉ် ကျန်စစ်သား ကဲ့သို့ စစ်ရေယာဉ်ကြီး များကို တည်ဆောက် နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ကြီးမား ကျယ်ဝန်းသော သင်္ဘောကျင်း မြေဧရိယာတွင် ရေယာဉ် တည်ဆောက်ရေး ရုံများ၊ ရေယာဉ် တည်ဆောက်ရေး ဆိုင်ရာ လွန်းလမ်းများ၊ အထောက်အကူပြု စက်ကိရိယာများ၊ ဝန်ချီစက် ကြီးများ ရှိမှသာ ကြီးမားသော စစ်ရေယာဉ်များ တည်ဆောက် နိုင်မည်ဖြစ်ရာ ၁၉၉၇ ခုနှစ်တွင် ရေတပ် သင်္ဘောကျင်း ဌာနချုပ်အဖြစ် တိုးချဲ့ ဖွဲ့စည်း ခဲ့ပြီး တည်ဆောက်ခဲ့ရာ ၂ဝဝ၂ ခုနှစ်တွင် သင်္ဘောကျင်းအား ပထမအဆင့် အဖြစ် ဖွင့်လှစ်နိုင်ခဲ့၍ ၂ဝ၁၃ ခုနှစ်တွင် ဒုတိယအဆင့် ပြီးစီးခဲ့ပြီး စစ်ရေယာဉ်များ အသစ် တည်ဆောက်ခြင်း ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိခဲ့ရာ တန်ချိန် ကြီးမားသော ဖရီးဂိတ် စစ်ရေယာဉ်များ၊ အပေါ့စား ဖရီးဂိတ် စစ်ရေယာဉ်များ၊ ကမ်းလွန် ကင်းလှည့်ရေယာဉ် များနှင့် အခြား အမျိုးအစား ရေယာဉ်များ တစ်စီးပြီး တစ်ပြီး တည်ဆောက်၊ တစ်စီးပြီး တစ်စီးရေချ၊ တစ်စီးပြီး တစ်စီး တပ်တော်ဝင်လျက် ပင်လယ်ပြင် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

အမှန်စင်စစ် ကျယ်ပြောလှသော မိမိတို့ ပိုင်ဆိုင်သည့် ပင်လယ်ပြင်ကို ကာကွယ်ရန်မှာ ခေတ်မီစွမ်းရည် ထက်မြက်သော အရွယ်အစား ကြီးမားပြီး ပင်လယ်ပြင်တွင် ကြာရှည်တာဝန် ထမ်းဆောင်နိုင်သော စစ်ရေယာဉ် ကြီးများရှိရန် အဓိကအခြေခံ လိုအပ်ချက် ဖြစ်ပါသည်။ ထိရောက်သော လက်နက်နှင့် လက်နက်စနစ် များအား ရေယာဉ်ကြီးများ ပေါ်တွင် တပ်ဆင်၍ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သော ရေပြင် တိုက်ပွဲဝင် အရာရှိ၊ စစ်သည်များ နှင့် ပေါင်းစည်း လိုက်သော အခါတွင် ရေယာဉ်၊ လက်နက် နှင့် လက်နက်စနစ် နှင့် လူတို့ ဟန်ချက် ညီစွာဖြင့် ရေပြင်တိုက်ပွဲများ အောင်မြင်စွာ ဆင်နွှဲ နိုင်ပေသည်။

စစ်ရေယာဉ်ကြီး တွင် ခေတ်မီ ဆန်းပြား ရှုပ်ထွေးသော လက်နက်နှင့် လက်နက် စနစ်များ၊ အာရုံခံ ကိရိယာ များ တပ်ဆင် ရာတွင်လည်း ရေတပ်ပင်မ လက်နက်ခဲယမ်း မီးကျောက်တပ်မှ လက်နက်နှင့် လက်နက်စနစ် အင်ဂျင်နီယာ များကလည်း ကျွမ်းကျင်စွာ တပ်ဆင်၍ တိုက်စွမ်းအား တိုးမြင့်ပေးနိုင် ခဲ့ပါသည်။

နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးသည် နိုင်ငံတစ်ခု အတွက် ဦးစားပေး လုပ်ဆောင်ရမည့် အရေးကြီး လုပ်ငန်း ဖြစ်သဖြင့် တပ်မတော်သည် အဓိကတာဝန် အဖြစ် အလေးထား ဆောင်ရွက်လျက် ရှိပါသည်။ မိမိတို့ နိုင်ငံ၏ ကမ်းရိုးတန်းသည် အလျားမိုင် ၁၃ဝဝ ကျော် ရှည်လျားပြီး ကမ်းနီးကမ်းဝေး ကျွန်းပေါင်း ၃ဝဝဝ ကျော် ရှိသဖြင့် ယင်းတို့ကို လုံခြုံစွာ ကာကွယ်ရေးမှာ တာဝန် ကြီးမားပြီး တပ်မတော်(ရေ) ၏ အဓိကတာဝန်ပင် ဖြစ်ပါသည်။ ကြီးမားသော စစ်ရေယာဉ် တစ်စီးအား တည်ဆောက် ရာတွင် ဒီဇိုင်း ရေးဆွဲခြင်းသည် အရေးကြီးဆုံး စတင် လုပ်ငန်းဖြစ်ရာ မိမိကိုယ်ပိုင် ဒီဇိုင်းဖြင့် ရေးဆွဲနိုင် ခဲ့ပြီး စစ်ရေယာဉ်၏ ရေဒါပုံရိပ် လျော့ချနိုင်သော ဒီဇိုင်း ကိုလည်း နိုင်ငံတကာ အဆင့်အတန်းမီ ရေးဆွဲနိုင်ခဲ့ခြင်း မှာလည်း တပ်မတော်(ရေ) ရှိ ထူးချွန် ထက်မြက်သော ရေယာဉ် ဗိသုကာ ပညာရှင်များ၏ အကြိမ်ကြိမ် ထပ်တလဲလဲ၊ စူးစမ်းစိစစ် တွက်ချက် ရေးဆွဲနိုင်ခဲ့မှု ကြောင့် ဖြစ်ပါသည်။ ရရှိလာသော နိုင်ငံတကာ အဆင့်မီ ဒီဇိုင်းမှသည် ရေယာဉ်ကိုယ်ထည် တည်ဆောက်ရေး ကျွမ်းကျင်သူ စစ်သည်များ၊ ရေယာဉ်ဖစ်တာ တပ်ဆင်ရေး ကျွမ်းကျင်သူ စစ်သည်များ၊ ရေအောက်ပိုင်း ဆိုင်ရာ တပ်ဆင်ရေး ကျွမ်းကျင် စစ်သည်များနှင့် လျှပ်စစ် တပ်ဆင်ရေး ဆိုင်ရာ ကျွမ်းကျင်မှု စစ်သည်များ၏ မိမိအခန်းကဏ္ဍ အလိုက် အကွက်စေ့စေ့၊ တက်ညီလက်ညီ တည်ဆောက်ကြရာမှ ပေါ်ထွန်းလာသည့် ရလဒ်ကောင်း ဖြစ်ပေသည်။

တပ်တော်ဝင် အခမ်းအနားသို့ အငြိမ်းစား ယူသွားကြသော အင်ဂျင်နီယာ အရာရှိ၊ အခြားအဆင့် များလည်း တက်ရောက်ခဲ့ ကြပြီး မိမိတို့ လက်ဆင့်ကမ်း အမွေ ပေးခဲ့သော တည်ဆောက်ရေး နည်းပညာ အတွေ့အကြုံ များနှင့် ယခုခေတ်မီ တည်ဆောက်ရေး စနစ်များ ပေါင်းစပ်ကာ တပည့်များ တည်ဆောက် ထားသော စစ်ရေယာဉ် ကြီင်္းအားကြည့်၍ ဝမ်းသာပီတိ ဂုဏ်ယူ နေကြပါသည်။ အမှန်စင်စစ် ရေယာဉ် တည်ဆောက်ရေး နည်းပညာ ကျွမ်းကျင်သူ များသည် ပြင်ပ၊ နိုင်ငံရပ်ခြားတွင် ဝင်ငွေများစွာ ရရှိသော်လည်း နိုင်ငံချစ်စိတ်၊ တပ်မတော် ချစ်စိတ်၊ ရေယာဉ်ချစ်စိတ် ဖြင့် မိမိ တည်ဆောက် လာသော ရေယာဉ် အစိတ်အပိုင်းများ တိုးတက်၍ ရုပ်လုံြး<ွကနေမှု ကို တစိမ့်စိမ့်ကြည့်ရင်း ပီတိပွား နေရသည့် အရသာကို ပိုမိုမက်မောကြ ပါသည်။

အခမ်းအနား တက်ရောက်သော အငြိမ်းစား အင်ဂျင်နီယာ အရာရှိ၊ စစ်သည်များ ကိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တွေ့ဆုံခဲ့ ပါသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှလည်း စစ်ရေယာဉ် ကျန်စစ်သား တည်ဆောက် ရာတွင် ပါဝင်ခဲ့ကြသော အရာရှိ၊ စစ်သည်များအား ချီးကျူး ဂုဏ်ပြုစကား ပြောကြား၍ အရာရှိ၊ စစ်သည်များ ဝမ်းသာပီတိ ဖြစ်ရကာ နောက် စစ်ရေယာဉ်များ တည်ဆောက်ရေး အတွက် အားသစ်များ တဖွားဖွား ပေါ်လာ ရပါသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် လက်ဆွဲနှုတ်ဆက် သဖြင့် တပ်မတော် အကြီးအကဲ၏ အသိအမှတ် ပြုမှုကြောင့် ပန်းသမျှ အမောပြေကာ အားသစ်များ ဝေရလာပါသည်။

အမှန်စင်စစ် ဤသို့ခေတ်မီ စစ်ရေယာဉ်ကြီး များကို ပြည်ပမှ ဝယ်ယူပါက အမေရိကန် ဒေါ်လာသန်း ၃ဝဝ ခန့်ကုန်ကျမည် ဖြစ်သော်လည်း ပြည်တွင်း၌ပင် တပ်မတော်(ရေ) မှ ကျွမ်းကျင် အရာရှိ၊ စစ်သည်များဖြင့် တည်ဆောက်ခဲ့ရာ နိုင်ငံတကာ အဆင့်မီ စစ်ရေယာဉ် အဖြစ် တည်ဆောက် နိုင်ပြီး နိုင်ငံတော် ဘဏ္ဍာငွေ သက်သာ စေခဲ့ပါသည်။

မြန်မာ့ပင်လယ် ကာကွယ်ရန် မရှိမဖြစ် လိုအပ်သော စစ်ရေယာဉ်ကြီး များကို တည်ဆောက်ပေး နေသူများ သည်လည်း စစ်ရေယာဉ် ဝယ်ယူသူမှ တည်ဆောက်သူ အဖြစ် နိုင်ငံတကာ အဆင့်မီ တိုးတက် ပြောင်းလဲ သွားပြီဟုလည်း ဆိုနိုင်ပါသည်။

ခေတ်မီ တပ်မတော်(ရေ) တည်ဆောက်ရေး အတွက် မရှိမဖြစ် လိုအပ်သော ရေယာဉ် တည်ဆောက်ရေး ကဏ္ဍတွင် အားကြိုးမာန်တက် တာဝန်ကျေပွန်စွာ ဆောင်ရွက် နေသော စွမ်းအင် ထက်မြက်သည့် လူ့စွမ်းအား အရင်းအမြစ် များအား ဂုဏ်ပြု ရေးသားအပ်ပါသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger