www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 21, 2014

မြန်မာ့ရိုးရာ ပုသိမ်ထီးကို ပြည်ပနိုင်ငံများမှ ဝယ်ယူရန် ကမ်းလှမ်း



ပုသိမ် ၊ ၂၁-၁၁-၂၀၁၄

ပြည်ပခရီးသွား ဧည့်သည် လုပ်ငန်းရှင် များက မြန်မာ့ရိုးရာ ပုသိမ်ထီး ကို အမြောက်အမြား ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ရှိ ပုသိမ်ထီး ရောင်းချသူ လုပ်ငန်းရှင်များ ထံမှ သိရသည်။

နိုင်ငံတကာမှ မြန်မာ့ရိုးရာ ပုသိမ်ထီးကို ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိနေသော်လည်း ကုန်ကြမ်း ရှားပါးမှု၊ ကျွမ်းကျင် လုပ်သား ရှားပါးမှု နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှု အခက်အခဲများ ရှိနေခြင်း တို့ကြောင့် ပုသိမ်ထီး လုပ်ငန်း လုပ်ကိုင် သူများက အမြဲတမ်း ပုံမှန်တင်ပို့ ရောင်းချရန် လက်ခံနိုင်ခြင်း မရှိသေးကြောင်း ပုသိမ်ထီး လုပ်ငန်းရှင် ဦးအောင်ကိုမင်း က ပြောသည်။ ''မြန်မာ့ရိုးရာ Hand made ရွာတစ်ခု တည်ထောင် ချင်တယ်။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ သူက အရင်လောက် မများတော့ဘူး။ အရင်းအနှီး အတွက် ထောက်ပံ့သူတွေ ရှိမယ် ဆိုရင်တော့ ပြည်ပကို တင်ပို့ ရောင်းချ နိုင်မယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

မြန်မာ့ရိုးရာ ပုသိမ်ထီး လုပ်ငန်း၏ အရည်အသွေး ကို ထိန်းသိမ်းနိုင်ရန် အဓိက ကျသော သစ်၊ ဝါး နှင့် တည်သီး ရှားပါးမှု အခက်အခဲများ ကိုလည်း စိုက်ခင်းများ ပြုလုပ်၍ ထိန်းသိမ်း နိုင်မှသာလျှင် နိုင်ငံတကာ အဆင့်မီ ဝင်ဆံ့နိုင်မည် ဖြစ်ကြောင်း သိရသည်။ ပုသိမ်ထီး လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ပြည်ပနိုင်ငံ များမှ အများအပြား ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိသော်လည်း မရောင်းချ နိုင်ဘဲ ပြည်တွင်း ဈေးကွက် ကိုသာ အားကိုး နေရဆဲ ဖြစ်ကြောင်း သိရသည်။

ပုသိမ်ထီးသည် မြန်မာ့ရိုးရာ ကိုယ်ပိုင် ဟန်၊ ကိုယ်ပိုင် ပုံသဏ္ဌာန်၊ ကိုယ်ပိုင် နည်းပညာ စစ်စစ်ဖြင့် ပြုလုပ် ထားသော မြန်မာ့ရိုးရာ ထီးစစ်စစ် ဖြစ်ပြီး အဓိက ကုန်ကြမ်းများ ဖြစ်သော သစ်စိုက်ခင်း နှင့် ဝါးစိုက်ခင်း များကို အချိန်မီ စိုက်ပျိုး ထိန်းသိမ်းမှု မပြုလုပ် နိုင်ပါက လာမည့် သုံးနှစ်တာ ကာလကျော်လျှင် ပုသိမ်ထီး လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် အခက်အခဲများ ပိုမို ဖြစ်ပေါ်လာ နိုင်ကြောင်း ပုသိမ်ထီး လုပ်ငန်းရှင် များက သုံးသပ် ကြကြောင်း သိရှိရသည်။

မြတ်လေးငုံ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger