www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 7, 2014

နှစ်ပေါင်း ၁ဝဝ ကျော် ကြာမြင့် နေပြီဖြစ်သည့် သီပေါမင်းနှင့် စုဖုရားလတ်တို့၏ ဝတ်ရုံတော်ပြုပြင်ရန် ပြည်ပနည်းပညာ အကူအညီများ လိုအပ်နေ



ရန်ကုန် ၊ ၇-၁၁-၂၀၁၄

မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၁ဝဝ ကျော် ကြာမြင့်နေပြီ ဖြစ်သည့် သီပေါမင်းနှင့် စုဖုရားလတ် တို့၏ ဝတ်ရုံတော် ပြုပြင်ရန် ပြည်ပနိုင်ငံ၏ နည်းပညာ အကူအညီများ လိုအပ် နေကြောင်း ရန်ကုန် အမျိုးသား ပြတိုက် ညွှန်ကြားရေးမှူး ဦးငွေထွန်းမြင့် က ပြောသည်။

အဆိုပါ ၀တ်ရုံတော် များကို ပြုပြင်ရန် ၂ဝ၁၃ ခုနှစ်က ဂျပန်နိုင်ငံမှ ပညာရှင်များ လာရောက် လေ့လာခဲ့ သော်လည်း ၄င်းတို့မှာ မည်သို့ ထိန်းသိမ်းရမည် ဆိုသည့် အချက်ကိုသာ ပြောကြားခဲ့ပြီး ပြုပြင်ရန် အဆင့်သို့ မရောက်ရှိ ခဲ့ကြောင်း သိရသည်။

''သီပေါမင်းနဲ့ စုဖုရားလတ် တို့ရဲ့ နန်းတွင်းဝတ် မဟာလတ္တာ ဝတ်ရုံ က အဝတ် ဆိုပေမယ့် ရွှေ၊ ငွေ၊ ကြေး အစရှိတဲ့ သတ္တုတွေ အများကြီး ပေါင်းစပ်ချုပ်လုပ် ထားတာ ဖြစ်တော့ သူတို့လုပ်ဖို့ အခက်ခဲ ရှိတယ်။ ပညာရှင် ကောင်းကောင်း ရှိမှရမယ်။ ဒီ ဝတ်ရုံတွေက နှစ်တွေ ကလည်း ကြာပြီ၊ ရှေးဟောင်း ပစ္စည်း တွေကလည်း ဖြစ်နေပြီ ဆိုတော့ ပျက်စီးသွား မှာကို စိုးရိမ်ကြတဲ့ အတွက် ပြုပြင်ဖို့ လိုအပ်နေ တာပါ။ လုံးဝပျက်စီး နေတာတော့ မဟုတ်သေး ပါဘူး။ အဲဒီလိုမျိုး ရှေးဟောင်း ပစ္စည်းတွေ ကောင်းကောင်း ကျွမ်းကျင်တာ ကတော့ အမေရိကန်နိုင်ငံ ရှိတယ်။ ဒါကြောင့် အကူအညီ ပေးဖို့ အတွက် ကမ်းလှမ်း သွားမှာပါ ... '' ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိ အချိန်တွင် ရန်ကုန် အမျိုးသား ပြတိုက်ရှိ တာဝန်ရှိသူ များသည် အဆိုပါ ဝတ်ရုံများကို ပြုပြင် ပေးနိုင်သည့် အမေရိကန်၊ အင်္ဂလန် နှင့် ဂျာမနီ စသည့်နိုင်ငံ များရှိ ပညာရှင်များ ကိုလည်း ပြုပြင် ပေးနိုင်ရန် ကမ်းလှမ်း သွားမည် ဖြစ်သည်။ အဆိုပါ ဝတ်ရုံများကို ရန်ကုန်မြို့ရှိ အမျိုးသား ပြတိုက်တွင် ပြသထားပြီး ယင်း ဝတ်ရုံများ အပါအဝင် ရှေးဟောင်း သမိုင်းဝင် ပစ္စည်း အမျိုးစား ၂ဝဝဝ ကျော်ကိုလည်း ပြသ ထားကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger