www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 22, 2014

နိုင်ငံတကာစံမီ အဆင့်မြင့် ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်မည်


တရုတ်နိုင်ငံ Shanghai ရှိ Dulwich College International ကျောင်းတစ်ကျောင်းအား တွေ့ရစဉ်

ရန်ကုန် ၊ ၂၂-၁၀-၂၀၁၄

Yoma Strategic Holdings မှ ကြီးမှူး၍ သန်လျင်မြို့နယ် ရှိ သန်လျင် ကြယ်စင် မြို့တော် အဆင့်မြင့် အိမ်ရာ စီမံကိန်းအနီး နှင့် လှိုင်သာယာ မြို့နယ်ရှိ ပန်းလှိုင် ဂေါက်ကွင်းအိမ်ရာ အတွင်းတို့၌ နိုင်ငံတကာ စံချိန်မီ အဆင့်မြင့် ပုဂ္ဂလိက ကျောင်းများ ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိရာ သန်လျင်ကြယ်စင် မြို့တော် အဆင့်မြင့် အိမ်ရာအနီး ၌ နိုင်ငံတကာ အဆင့်မီကျောင်း နှင့် ပြည်တွင်း ပုဂ္ဂလိက ကျောင်းကို အမေရိကန် ဒေါ်လာ ၅၂ သန်းကျော် ရင်းနှီး မြှုပ်နှံ၍ ဖွင့်လှစ်ရန် စီစဉ်ထားပြီး လှိုင်သာယာ မြို့နယ်ရှိ ပန်းလှိုင် ဂေါက်ကွင်း အိမ်ရာ၌လည်း Early Years Centre တစ်ခုကို တည်ထောင် ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ရိုးမလုပ်ငန်းစု မှ သိရသည်။

ကြယ်စင်မြို့တော် အဆင့်မြင့်အိမ်ရာ အနီး၌ ဖွင့်လှစ်မည့် နိုင်ငံတကာ အဆင့်မီ ကျောင်းအတွက် Yoma Strategic နှင့် Education Index Management (EIM) တို့ ပူးပေါင်း ဆောင်ရွက် ကြမည်ဖြစ်ပြီး လန်ဒန်ရှိ Dulwich College နှင့် Dulwich College International တို့မှ ပညာရှင် များက ပညာရေး အကြံပေးများ အဖြစ် တာဝန်ယူ ဆောင်ရွက်ကြမည် ဖြစ်ကာ ၂ဝ၁၅ ခုနှစ် သြဂုတ်လ ခန့်တွင် ဖွင့်လှစ်နိုင်ရန်စီစဉ် ထားကြောင်း သိရသည်။

ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာတွင် ဖွင့်လှစ်မည့် Early Years Centre အတွက် အင်္ဂလန်နိုင်ငံမှ အဆင့်မြင့် ပညာရေး လုပ်ငန်းစု တစ်ခုဖြစ်သော Harrow International Management Service မှ စီမံကွပ်ကဲ ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး နိုင်ငံတကာ၌ သင်ကြားနေသော အဆင့်မြင့် သင်ရိုးညွှန်းတမ်း များကို အသုံးပြုကာ သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း Yoma Strategic မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းများ အတွက် လိုအပ်သည့် အဆောက်အအုံ များနှင့် အထောက်အကူ ပစ္စည်းများကို ရိုးမလုပ်ငန်းစု မှ တာဝန်ယူ ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger