ရန်ကုန် ၊ ၃-၁၀-၂၀၁၄
ထိုင်းနိုင်ငံရောက် အထောက် အထားမဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား များကို သာမန် နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ရွှေ့ပြောင်း လုပ်သားဦးရေ ၁၂၄ဝ အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရသည်။
အထောက်အထား မဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား များအနက် ပြည်ဝင်ခွင့် ဗီဇာသက်တမ်း လေးနှစ် ပြည့်သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များကို မတ် ၁ဝ ရက် မှစတင်၍ သာမန် နိုင်ငံကူး လက်မှတ်များ ထုတ်ပေးခဲ့ခြင်း ဖြစ်ပြီး သြဂုတ် ၃ဝ ရက်တွင်ဦးရေ ၁၂၄ဝ အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ သာမန် နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ဌာနစိတ်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး နှင့် မြန်မာ - ထိုင်း နယ်စပ်မြို့များ ဖြစ်သည့် မယ်ဆိုင် ၊ မဲဆောက်၊ ရနောင်းမြို့ တို့တွင် One-Stop-Service Center များ ဖွင့်လှစ်ပြီး အထောက်အထား ထုတ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း လည်း သိရသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထား မဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား များကို တရားဝင် ဖြစ်စေရန် အတွက် ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်းများ ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ၂ဝဝ၉ ခုနှစ် ဇူလိုင် လမှ ၂ဝ၁၃ ခုနှစ် သြဂုတ်လ အထိ အထောက်အထား မဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၆၈ဝ၅၅ ဦးကို အထောက်အထား ရရှိစေရန် ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ကြောင်း လည်း သိရသည်။
ကျော်လွင်
#Yadanarpondaily





No comments:
Post a Comment