www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 24, 2014

လေဆိပ်လေးခုတွင် အီဘိုလာ စောင့်ကြပ်ကြည့်ရှု စက်များတပ်ဆင်



မန္တလေး ၊ ၂၄-၁၀-၂၀၁၄

မြန်မာနိုင်ငံ အတွင်းရှိ လေဆိပ်လေးခု တွင် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ကို စောင့်ကြပ် ကြည့်ရှု နိုင်မည့် Infra Red Fever Screening System (Themal Scan) စက်များကို တပ်ဆင် ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါစက် များကို နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် အသစ် တပ်ဆင်သည့် စက် အပါအဝင် စုစုပေါင်း နှစ်ခု၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် အသစ် တပ်ဆင်သည့် စက် အပါအဝင် စုစုပေါင်း နှစ်ခု၊ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် တွင် တစ်ခု၊ ညောင်ဦး လေဆိပ် တွင် တစ်ခုကို တိုးချဲ့တပ်ဆင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

''ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ အီဘိုလာ ကို ကြိုတင် ကာကွယ်ဖို့ နဲ့ လျင်လျင်မြန်မြန် သိရှိအောင် ကြိုးစား ဆောင်ရွက် နေပါတယ်။ အီဘိုလာ ဗိုင်းရပ်စ်ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နေပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ အနီအောက် ရောင်ခြည်သုံး အကဲဖြတ် စနစ်နှင့် အဖျားတိုင်း ကိရိယာစက် များကို ယခင်ကလည်း တပ်ဆင် ထားရှိပြီး ဖြစ်ကာ ယခုအခါ စက်ကိရိယာ ၄၃ ခု ထပ်မံတိုး၍ တပ်ဆင် လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် တစ်နိုင်ငံလုံးရှိ ခရိုင်အဆင့် ဆေးရုံ ၇ဝ တွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကုသရေး အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကာ အီဘိုလာ ဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံတွင် မရောက်ရှိ သေးကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။ အီဘိုလာ ရောဂါသည် လက်ရှိ အချိန်တွင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ပျံ့နှံ့ နေကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger