ရန်ကုန် ၊ ၁-၉-၂၀၁၄
''၂က'' ယာဉ်များကို ယာဉ်အို ယာဉ်ဟောင်း လက်ခံချိန်တွင် သက်တမ်းလွန် ယာဉ်များ မှတ်ပုံတင်ခ နှင့် နှစ်လဲ ဒဏ်ကြေး များကို စက်တင်ဘာလ မှစတင်၍ ယခင် ၁ဝဝ ရာခိုင်နှုန်း ကောက်ခံ နေရာမှ ၅ဝ ရာခိုင်နှုန်းသာ ကောက်ခံ သွားမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
ယခု အချိန်တွင် ပြင်ပ၌ ''၂က'' အပ်ယာဉ်မှာ ငွေကျပ် ၆၂ သိန်းမှ ၆၃ သိန်း အထိ ရှိနေပြီး မှတ်ပုံတင်ခ နှင့် နှစ်လဲ ဒဏ်ကြေး များကို ယခုကဲ့သို့ အတိအကျ ထုတ်ပြန် လိုက်သောကြောင့် စလစ်ဈေးနှုန်း မြင့်တက် လာနိုင်ကြောင်း ကား ဝယ် - ရောင်း များက ခန့်မှန်း နေကြသည်။ ယာဉ်အို ယာဉ်ဟောင်း စနစ်ဖြင့် လက်ခံမည့် ''၂က'' ယာဉ်များကို အောက်တိုဘာ ၆ ရက်တွင် လက်ခံမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
''၁က'' အက္ခရာယာဉ် လက်ခံချိန် နှင့် စက်မှုဇုန် ယာဉ်များ စတင် လက်ခံပြီး ခြောက်လ အကြာတွင် ''၂က'' အက္ခရာယာဉ် များကို လက်ခံခြင်း ဖြစ်ကြောင်း သိရသည်။ ''၁က'' ယာဉ်များ အအပ်ခံပြီး သုံးလ အကြာတွင် စက်မှုဇုန်ထုတ် ယာဉ်များကို ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ကြားဖြတ် အစီအစဉ်ဖြင့် အပ်နှံခွင့်ပြု ခဲ့ကြောင်း သိရသည်။
ဧပြီ ၄ ရက်မှ စတင် လက်ခံခဲ့သည့် နှစ် ၂ဝ ကျော် သက်တမ်းရှိ ''၁က'' အက္ခရာယာဉ် အစီးရေ သုံးသောင်းကျော် အနက် နှစ်သောင်းကျော် မှာ ဌာနသို့ အပ်ပြီး ဖြစ်သောကြောင့် ထပ်မံ အပ်နှံရန် အနည်းငယ်သာ ကျန်ရှိ နိုင်တော့ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ခန့်မှန်း ထားကြောင်း သိရှိရသည်။ (၄၄၃)
#Themyawadydaily






No comments:
Post a Comment