www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 22, 2014

အမျိုးသမီးနှစ်ဦး စကားများ ရန်ဖြစ်ရာမှ နေအိမ်နှင့် ဈေးဆိုင်ခန်း အတွင်းရှိ ပစ္စည်းအချို့ ဖျက်ဆီးမှုများ ဖြစ်ပွား


ပခုက္ကူ ၊ ၂၂-၉-၂၀၁၄

ပခုက္ကူမြို့နယ် ၊ မြစ်ခြေကျေးရွာ ၌ ယမန်နေ့ ညပိုင်းက အမျိုးသမီး နှစ်ဦး စကားများ ရန်ဖြစ်ရာမှ ပတ်ဝန်းကျင်ရှိ လူအုပ်စု များပါ ပါဝင်လာပြီး နေအိမ် နှင့် ဈေးဆိုင်ခန်း အတွင်းရှိ ပစ္စည်း အချို့ ဖျက်ဆီးမှုများ ဖြစ်ပွား ခဲ့ကြောင်း နယ်မြေ တည်ငြိမ် အေးချမ်းရေး အတွက် တာဝန်ရှိ သူများက ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြစ်ခြေကျေးရွာ ၌ အကြွေးတောင်း ရာမှ အမျိုးသမီး နှစ်ဦး အပြန်အလှန် စကားများပြီး တစ်ဖက်မှ လင်ယောက်ျား ဖြစ်သူကပါ ဝင်ရောက် ရိုက်နှက်ခဲ့၍ အမျိုးသမီး တစ်ဦးမှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် ည ၈ နာရီခန့်တွင် မြစ်ခြေ တိုက်နယ် ဆေးရုံ သို့ သွားရောက် ကုသမှု ခံယူခဲ့ ရကြောင်း သိရသည်။

ည ၉ နာရီခွဲ ခန့်တွင် ဒဏ်ရာ ရရှိသူ အမျိုးသမီး၏ ဆွေမျိုး မောင်နှမများ နှင့် ပတ်ဝန်းကျင် ကျေးရွာမှ ရွာသူ ရွာသားများ မြစ်ခြေကျေးရွာ သို့ စုရုံး ရောက်ရှိလာပြီး ဘာသာရေး အဆောက်အအုံ တစ်ခုနှင့် ဈေးဆိုင်ခန်းအား ဖျက်ဆီးရန် ကြိုးစားခဲ့ ကြသဖြင့် ပခုက္ကူ ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ပခုက္ကူ မြို့မ ရဲစခန်းမှူး နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ အဆိုပါ ကျေးရွာ သို့ သွားရောက်ပြီး ကျေးရွာ ရပ်မိရပ်ဖများ၊ သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ နှင့် ညှိနှိုင်း ထိန်းသိမ်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တာဝန်ရှိ သူများက မြို့မိမြို့ဖများ၊ သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ နှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ လုံခြုံရေး ဆောင်ရွက် ထားခြင်း တို့ကြောင့် ယခုအခါ နယ်မြေ အခြေအနေမှာ တည်ငြိမ် အေးချမ်းလျက် ရှိကြောင်း၊ အမျိုးသမီးအား ဒဏ်ရာ ရရှိအောင် ရိုက်နှက် ခဲ့သူ လင်မယား နှစ်ဦးကို မြစ်ခြေကျေးရွာ ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန မှ သိရှိရသည်။။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger