www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 19, 2014

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံခြားသား တစ်ဦးထံမှ ကျည်ဆံတွေ့ရှိ


ရန်ကုန် ၊ ၁၉-၉-၂၀၁၄

လေကြောင်းရဲ တပ်ဖွဲ့ခွဲ (ရန်ကုန်) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း စစ်ဆေးရေး အဖွဲ့သည် ယမန်နေ့ ည ၆ နာရီ ၁၅ မိနစ်က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြည်ပ ထွက်ခွာဆောင် Main X-Ray စက်၌ တာဝန် ထမ်းဆောင်နေစဉ် ထိုင်းလေကြောင်း ခရီးစဉ် အမှတ် TG - 306 ဖြင့် လိုက်ပါမည့် ခရီးသည် ဂျာမနီ နိုင်ငံသား Mr. Christopher Conzen ၅၂ နှစ်၏ ခရီးဆောင် အိတ်အား X-Ray စက်၌ စစ်ဆေးခဲ့ရာ အိတ်အတွင်းမှ R-8 Blaser Rifle အမျိုးအစား သေနတ်သုံး ကျည်ဆန် တစ်တောင့်အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ရှိသဖြင့် အခွင့် လိုင်စင် မရှိဘဲ ကျည်ဆန် သယ်ဆောင် လာသူ ဂျာမနီ နိုင်ငံသား Mr. Christopher Conzen အား မင်္ဂလာဒုံ မြို့မ ရဲစခန်း မှ (ပ) ၄၂၉/၂၀၁၄ လက်နက်များ အက်ဥပဒေ ပုဒမ ၁၉(စ) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ 

ဝန်းရံခ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger