www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 10, 2014

အမရပူရ နန်းတော်ဟောင်း နေရာမှ ရွှေတိုက်တော် ငွေတိုက်တော် များကို လာရောက် လေ့လာနိုင်



အမရပူရ ၊ ၁၀-၉-၂၀၁၄

မန္တလေး အမရပူရ မြို့နယ်တွင် စိတ်ဝင်စား ဖွယ်ရာ နေရာများစွာ၊ လေ့လာစရာ နေရာများစွာ ရှိနေသည်။ အထူးသဖြင့် အမရပူရ နန်းတော် နေရာမှ ရွှေတိုက်တော်၊ ငွေတိုက်တော် (ပုံ) များကို ယနေ့တိုင် လေ့လာ နိုင်သည်။ ဘိုးတော်ဘုရား ၏ အမရပူရ နန်းမြို့တော် နှင့် မန္တလေး နန်းမြို့တော် တို့တည်ပုံ တို့မှာ တစ်ထေရာတည်း တူသည် ဟုလည်း ဆိုထားသည်။

နန်းမြို့သည် လေးထောင့် ကျကျ ရှိသည်။ လေးဖက် လေးတန် တွင် မြို့ထောင့် စေတီများ တည်ထားသည်။ အမရပူရခေတ် မြို့ထောင့် စေတီများကို ယနေ့ထိတိုင် ဖူးမြင် နိုင်သည်။ အမရပူရ ပထမ မြို့တည် နန်းတည် ဗဒုံမင်း တရားသည် အမရပူရ မြို့တော်ကို တည်ရာတွင် အလျင်မြန်ဆုံး စံနှုန်း ဖြင့်တည်ကာ အချိန်ကာလ အားဖြင့် လေးလအတွင်း ပြီးအောင် တည်နိုင် ခဲ့သည်ဟု သိရသည်။

ရှေးအခါက အမရပူရ မြို့တော်သည် အရှေ့ဘက်တွင် အောင်ပင်လယ်၊ အရှေ့တောင် ဘက်တွင် ရွှေစာရံ၊ တောင်ဘက် တွင် ပလိပ်ရွာ၊ အနောက် တောင်ဘက် တွင် တဘက်ဆွဲ၊ အနောက် မြောက်ဘက် တွင် စစ်ကိုင်းနယ်၊ မြောက်ဘက် တွင် ကျုံးကြီး နှင့် အရှေ့ မြောက်ဘက် သက်ကယ်ကျင်း အထိ ကျယ်ဝန်း သည်ဟု ဆိုနိုင်သည်။ အမရပူရ မြို့တော်ကို ၁၁၄၄ ခုနှစ် တပို့တွဲ လဆန်း ၇ရက် အင်္ဂါနေ့ တွင် မြို့တော်၊ ကျုံးတော်၊ ရွှေနန်းတော်၊ ရွှေဂူတော်၊ ကျောင်းတော်၊ ပိဋကတ် တိုက်တော်၊ ကန်တော်၊ ခုနစ်ဌာန ကို တစ်ပြိုင်နက် တည်း တည်ခဲ့သည် ဟု သိရသည်။

ယခုအခါ အမရပူရမြို့ ၏ သမိုင်းဝင် နေရာများတွင် နန်းတော် တည်ရာ နေရာဟောင်း အနီးမှ အမရပူရခေတ် ရွှေတိုက်တော်၊ ငွေတိုက်တော် များသည် ယနေ့တိုင် တည်ရှိနေပြီး နှောင်းလူတို့ အမရပူရ နန်းတော် နေရာကို သိရှိ နိုင်သည့် အဖိုးတန် သမိုင်း အမွေအနှစ် အဖြစ် ဂုဏ်ယူဖွယ် တည်ရှိ နေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger