www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 20, 2014

ပါးရေနားရေ တွန့်စေသည့် အလေ့အထ များကို ရပ်တန့်နိုင်လျှင် နုပျိုလန်းဆန်း မည်


ပါးရေနားရေ တွန့်စေသည့် အလေ့အထ များကို ရပ်တန့်နိုင်လျှင် နုပျိုလန်းဆန်း မည်

လူသားတို့၏ နေ့စဉ် အလေ့အကျင့် များတွင် ပါးရေနားရေ ကို တွန့်စေသော အကျင့်ဆိုးများ ပါဝင်ပြီး အချိန်မီ ရပ်တန့် နိုင်မည်ဆိုလျှင် အရွယ်တင် နုပျိုလန်းဆန်း နိုင်မည် ဖြစ်သည်။

အထိုင်များခြင်း

အလုပ်အကိုင် ကြောင့်သော် လည်းကောင်း၊ အလေ့အကျင့် ကြောင့်သော် လည်းကောင်း၊ အသက် အန္တရာယ် ကြောင့်သော် လည်းကောင်း အထိုင်များ သူများသည် အသားအရေ အိုမင်းရင့်ရော် လွယ်ပြီး ပါးရေနားရေ တွန့်ခြင်း သည်လည်း သာမန် လူထက် ၁ဝ စုနှစ်ခန့် စော၍ ဖြစ်တတ်သည်။ တစ်ပတ်လျှင် နှစ်ကြိမ်ခန့်၊ တစ်ကြိမ်လျှင် မိနစ် ၃ဝ ခန့် လေ့ကျင့်ခန်း လုပ်ရုံဖြင့် အသားအရေကို ကျန်းမာ သန်စွမ်းစေပြီး အသားအရေ အိုမင်း ရင့်ရော်ခြင်း၊ တွန့်ရှုံ့ခြင်း တို့ကို ကာကွယ် နိုင်မည် ဖြစ်သည်။

အသား၊ နို့ထွက်ပစ္စည်း၊ သကြားနှင့် အရက်များခြင်း

အသားနှင့် နို့ထွက် ပစ္စည်းကို ပင်တိုင် အစားအစာ သဖွယ် စားသုံးသူများ၊ သကြားနှင့် အချိုဓာတ် အစားများ သူများနှင့် အရက်ကို စွဲ၍ သောက်သူ များတွင် အရေပြား ခန်းခြောက် ပျက်စီးနှုန်း များပြီး အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ သံလွင်ဆီ၊ ငါး အစရှိသည် တို့ကို ဖောဖောသီသီ စားပေး သူများတွင် ကျန်းမာ နုပျိုသော အသားအရေ မျိုးကို တွေ့ရလေ့ ရှိသည်။

ကားမောင်းနှင်စဉ် နေရောင်ကို မကာခြင်း

ကားမှန်သည် အနက် ဖြစ်စေ၊ အဖြူဖြစ်စေ နေရောင်ခြည် တွင်ပါဝင်သော ခရမ်းလွန် ရောင်ခြည်ကို ကာကွယ် နိုင်ခြင်း မရှိသည့် အတွက် နေပူသော နေ့များတွင် ကားမာင်း၊ ကားစီးမည် ဆိုပါက နေလောင်ခံ လိမ်းဆီများ ကို လိမ်းပေး သင့်သည်။

အအေးသောက်ပိုက် အသုံးပြုခြင်း၊ နေကာမျက်မှန် မတပ်ခြင်း

အအေးသောက် ပိုက်ဖြင့် အရည်ဓာတ် များကို ပုံမှန်သောက်လျှင် ပါးစပ်တစ်ဝိုက် ကြွက်သားများကို ပုံမှန် အသုံးပြု ရသည့် အတွက် နှုတ်ခမ်းတစ်ဝိုက် အရေပြားများ တွန့်လာမည် ဖြစ်ပြီး နေပူထဲ နေကာ မျက်မှန် မတပ်ဘဲ ထွက်ဖန် များလာပါက မျက်စိ၏ နားရွက်ဘက် ထောင့်တွင် ကျီးကန်း ခြေထောက် သဖွယ် တွန့်ကြောင်းများ ထွက်ပေါ်လာ မည်ဖြစ်သည်။

တစ်ခြမ်း စောင်းအိပ်ခြင်း

အမြဲ တစ်ခြမ်းစောင်း အိပ်လျှင် မျက်နှာ တစ်ဖက်တည်း သို့ ဖိအား သက်ရောက်မည် ဖြစ်ပြီး ညလုံးပေါက် အဖိခံရသော မျက်နှာဘက် ခြမ်းတွင် အချိန်တို အတွင်း တွန့်ကြောင်းများ ပေါ်လာမည် ဖြစ်သည့် အတွက် အတတ်နိုင်ဆုံး တစ်ဖက် တည်း မစောင်းဘဲ ဘယ်၊ ညာ မျှတအောင် အိပ်စက် သင့်သည်။


မျက်လုံးတစ်ဝိုက် အရေပြားကို ဖိပွတ်ခြင်း၊ ဆွဲခြင်း

မျက်လုံးတစ်ဝိုက် အရေပြားသည် အလွန် နူးညံ့သည်။ မိတ်ကပ် ဖျက်ရန်ဖြစ်စေ၊ မျက်ကပ်မှန် ထည့်ရန်၊ ထုတ်ရန်ဖြစ်စေ၊ ဖိပွတ်ခြင်း၊ ဆွဲခြင်းတို့ကို ပြုလုပ်ဖန် များလာ ပါက မျက်လုံးအောက် အရေပြား တွဲကျရှုံ့တွမည် ဖြစ်သည့် အတွက် အလွယ်တကူ ဖျက်နိုင်သည့် မိတ်ကပ်မျိုးကို သာ အသုံးပြု သင့်ပြီး မျက်ကပ်မှန် အသုံးပြုစဉ် တွင်လည်း ဂရုပြုရမည် ဖြစ်သည်။

မျက်နှာ အသစ်များခြင်း၊ အရေဓာတ် ခန်းခြောက်ခြင်း

မျက်နှာကို မွေးကင်းစ ကလေးငယ် သဖွယ် ယုယုယယ ကိုင်တွယ်သင့်ပြီး မကြာခဏ မျက်နှာသစ်ခြင်း၊ ဆပ်ပြာ အပြင်းစားများ အသုံးပြုခြင်း တို့ကို ရှောင်ကြဉ် သင့်ပြီး ပိုးသတ်ဆေး ပါသော ဆပ်ပြာများသည် ခန္ဓာကိုယ်၊ ချိုင်း၊ပေါင်ခြံ၊ ခြေချောင်း၊ လက်ချောင်းများ အတွက်သာ အသုံးပြု သင့်ပြီး မျက်နှာသစ်ရန် အသုံးပြု မိပါက အရည်ဓာတ် ခန်းခြောက်ပြီး ပါးရေနားရေ စောစီးစွာ တွန့်မည် ဖြစ်သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger