www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 19, 2014

နံနက် အိပ်ရာထချိန်တွင် ကျင့်သုံးရမည့် နည်းလမ်းများ


နံနက် အိပ်ရာထချိန်တွင် ကျင့်သုံးရမည့် နည်းလမ်းများ


နံနက်အိပ်ရာထချိန်တွင် ...

ဖြည်းဖြည်းထပါ

အိပ်ရာမှ ဝုန်းခနဲ ခုန်ထကာ အားကစား လေ့ကျင့်ခန်းမ သို့ အမောတကော သွားရောက် လေ့ကျင့်လျှင် တစ်နေ့တာလုံး ကိုယ်စိတ် ပန်းလျနေမည် ဖြစ်သည် ဟု ယောဂပညာရှင် များက အသိပေး ထားသည်။ ''မနက် အိပ်ရာထ ချိန်ဆိုတာ တိတ်ဆိတ် ငြင်သာစွာ ထရမှာပါ။ ပါးစပ်ကနေ မြည်တွန် တောက်တီး တာမျိုး မလုပ်ပါနဲ့။ ကိုယ်တွင်း အားအင်တွေ မျှတ သွားအောင် ညာဘက်ကို လှဲ့စောင်း၍ လက်ထောက်ပြီး ထပါ။ အိပ်ရာပေါ် မှာ ငြိမ်သက်စွာ ထိုင်ပြီး သွေးလေ မျှတတဲ့ အထိ စောင့်ပါ။ သွေးလေ လည်ပတ် လာပြီဆိုရင် အသက်ကို နှေးရာကနေ မြန်လာတဲ့အထိ ရှူပေးပါ။ ရေခဲ သေတ္တာထဲက မဟုတ်တဲ့ အခန်းအပူချိန် အတိုင်းရှိတဲ့ ရေတစ်ခွက်ကို တစ်ငုံချင်း သောက်ပါ။ တစ်ရှိန်ထိုး မသောက်ပါနဲ့။

ကိုယ်လက် ဆန့်တန်းပေးပါ

နံနက် အိပ်ရာထချိန် တွင် ကိုယ်လက် ဆန့်တန်းပေးရန် လိုအပ်ပြီး ကျောရိုးပိုင်း ကြွက်သား များကို ဖြေလျှော့ ပေးသင့်သည်။ ကျောရိုးပိုင်း ကြွက်သားများ တောင့်တင်းနေ လျှင် တစ်နေ့တာ စွမ်းဆောင်ရည် ကျဆင်းနိုင်ပြီး ပေါင်နှင့် ခြေသလုံး ကြွက်သားများ ကိုလည်း လျှော့ပေး ရမည်ဟု ပညာရှင်များက ဆိုသည်။ ကြွက်သားများကို ဖြေလျှော့ ရာတွင် အသက်ကို အဝရှူသွင်း၊ ရှူထုတ်ပြီး အကြိမ် အနည်းငယ် ဆန့်တန်း ပေးရန် လိုသည်။

လက်ဖက်ရည်ဖြင့် မစ ပါနှင့်

နံနက်စောစော အစားအစာကို ငံ့လင့်နေသော အစာအိမ်ထဲ သကြား၊ နွားနို့ စသည်တို့ ပါဝင်သော ကော်ဖီ၊ လက်ဖက်ရည် တို့ကို ပထမဆုံး မထည့်သင့်ဘဲ သံပရာရည် တစ်ခွက် သောက်ပြီး ရေတစ်ခွက် ထပ်သောက်ရန် လိုအပ်သည်။ ထို့နောက် ရေနွေးကြမ်း ကောင်းကောင်း တစ်ခွက်ကို သောက်ပြီးမှသာ မိမိစားလိုရာ စားခြင်းဖြင့် ခန္ဓာကိုယ်တွင် အယ်လ်ကာလိုင်း ဓာတ် ပြည့်ဝပြီး ဇီဝကမ္မ ဖြစ်စဉ်လည်း ကောင်းမွန်မည် ဖြစ်သည်။

နှစ်နာရီအတွင်း ဖုန်းမကိုင်ပါနှင့်

မနက် အိပ်ရာထပြီး နှစ်နာရီ အတွင်းမှာ ကိုယ့်ဘဝ၊ ကျန်းမာရေး အတွက် အာရုံစိုက်ပါ။ နှစ်နာရီ မပေးနိုင် ရင်တောင် ကိုယ့်ဘဝ အတွက် တစ်နာရီတော့ ပေးပါ။ ပထမ မိနစ်၂ဝ မှာ လေ့ကျင့်ခန်း လုပ်ပါ။ နောက်ထပ် မိနစ် ၂ဝ ကို တရားထိုင်ပါ။ ကျန်တဲ့ မိနစ် ၂ဝ ကို စာဖတ်ပါဟု ကမ္ဘာကျော် စီးပွားရေး ပညာရှင် တစ်ဦးက အကြံပေး ထားသည်။





မနက်စာမစားဘဲ မနေပါနှင့်

မနက်စာ မစားတဲ့ သူတွေက အဝလွန်တာ၊ ဆီးချိုရောဂါ နဲ့ ကိုယ်ခံအား နည်းတာတွေ ပိုဖြစ်နိုင် ပါတယ်။ မနက်စာ မစားလိုက်သည့် အတွက် ဖိအားတစ်မျိုး သက်ရောက်ပြီး အစားအစာ အမျိုးအစား နှင့် ပမာဏ ရွေးချယ်မှု မှားယွင်း နိုင်သည်။ ထို့ပြင် ညအိပ် ချိန်မှ နံနက် အိပ်ရာထချိန် အထိ ဘာမှ မစားထား သည့်အတွက် သွေးတွင်း သကြားဓာတ် လျော့နည်း နေမည် ဖြစ်ရာ မနက်စာ ကိုလည်း ရှောင်လိုက်သည့် အတွက် အန္တရာယ် ဖြစ်လောက် အောင် သကြားဓာတ် ကျဆင်းနိုင်ပြီး မိန်းကလေးများ မကြာခဏ သွေးပေါင်ကျ ရသည့် အကြောင်းရင်း တစ်ခုမှာလည်း မနက်စာ မစား ခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် နံနက် အိပ်ရာ ထချိန်တွင် စူးစူးဝါးဝါး ဝင်လာသော ဖုန်းကို လက်ခံ ဖြေကြားခြင်း၊ မကျေမနပ် ရွတ်ပွား နေခြင်း တို့ကြောင့် တစ်နေကုန် စိတ် မကြည်မသာ ဖြစ်ကာ ရေရှည်တွင် ကျန်းမာရေးကို ထိခိုက်နိုင်ပြီး နံနက် အိပ်ရာထ သည်နှင့် ဆေးလိပ်သောက်၊ ကွမ်းစားခြင်း အစရှိသည့် နီကိုတင်း ဓာတ်ဆောင်မည့် အပြုအမူမျိုး ကိုလည်း လုံးဝ ရှောင်ကြဉ်ရန် လိုအပ်သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger