www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 13, 2014

(၁၀)ကြိမ်မြောက် အာဆီယံ - တရုတ် လှယဉ်ကျေးမယ် ပြိုင်ပွဲသို့ မြန်မာ လှယဉ်ကျေးမယ် နှစ်ဦး ယှဉ်ပြိုင်မည်


နေပြည်တော် ၊ ၁၃-၈-၂၀၁၄

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ကွမ်ရှီကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အာဆီယံ - တရုတ် လှယဉ်ကျေးမယ် ရွေးချယ်ရေး ကော်မတီ မှ ကြီးမှူး၍ (၁၀) ကြိမ်မြောက် အာဆီယံ - တရုတ် လှယဉ်ကျေးမယ် ပြိုင်ပွဲကို တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တာ့လျန်မြို့ ၌ သြဂုတ်လ ၂၉ ရက်တွင် ကျင်းပမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် မြန်မာနိုင်ငံ ကို ဖိတ်ခေါ်ထားရာ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ ၊ ပိတ်ပွဲ အခမ်းအနား တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဆိုင်းဘုတ် ကိုင်ဆောင်သူ မအိန္ဒြာသီရိကို နှင့် ဘရူနိုင်း နိုင်ငံ ကိုယ်စားပြု ဆိုင်းဘုတ် ကိုင်ဆောင်သူ မချောစုလင်းသန့်ဖြူ တို့ကို ရွေးချယ် ထားကြောင်း သိရသည်။

ရွေးချယ် ထားသော လှယဉ်ကျေးမယ် နှစ်ဦးသည် Miss 27th SEA Games Myanmar 2013 ပြိုင်ပွဲကြီး တွင်လည်း Miss နှင့် 1st Runner up ဆုများ ရရှိထားသူများ ဖြစ်ကြောင်း သိရသည်။

မြန်မာ လှယဉ်ကျေးမယ် နှစ်ဦးသည် ယဉ်ကျေးမှု ၀န်ကြီးဌာန မှ ဒေါက်တာ ခင်သီတာဦး ဦးဆောင်လျက် သြဂုတ်လ ၂၂ ရက် အရောက် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်း

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger