www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 1, 2014

မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ



ကွတ်ခိုင် - မူဆယ် သွား ပြည်ထောင်စု လမ်းမကြီး အနောက်ဘက်ခြမ်း တောင်ကမ်းပါးယံ မှ သိမ်းဆည်း ရမိသည့် ရှေ့ထွက်မိုင်း နှင့် ဆက်စပ် ပစ္စည်းများအား တွေ့ရစဉ်

မိုင်းထောင်ထားသည့် နေရာအား တွေ့ရစဉ်

နေပြည်တော် ၊ ၁-၈-၂၀၁၄

မူဆယ်မြို့နယ် ပြည်ထောင်စု ကားလမ်းမကြီး အနောက် ဘက်ခြမ်း တောင်ကမ်းပါးယံ ၌ မသင်္ကာဖွယ်ရာ အထုပ် တစ်ထုပ် တွေ့ရှိကြောင်း ကောင်းခါးရွာ နေ ဦးအိုက်ရီ ၅၀ နှစ်၏ သတင်းပေးချက် အရ တပ်မတော်သား များနှင့် မူဆယ်မြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များ က ဇူလိုင်လ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က အဆိုပါ နေရာအား သွားရောက် ရှာဖွေ ရှင်းလင်းရာ အနက်ရောင် ကြွပ်ကြွပ်အိတ် ဖြင့် နှစ်ထပ် ထုတ်ထားသော မိုးပြာရောင် ပလတ်စတစ် ကိုယ်ထည် ရှေ့ထွက်မိုင်း တစ်လုံး ၊ အ၀ါ နှင့် လိမ္မော်ရောင် နှစ်ပင်လိမ် ၀ါယာကြိုး ၆ ပေခန့် ၊ ဆိုင်ကယ် ဘက်ထရီ တစ်လုံး ၊ ဆားကက်အုံ တစ်ခုတို့အား တွေ့ရှိ သိမ်းဆည်း ခဲ့သည်။

အဆိုပါ သိမ်းဆည်း ရမိသော မိုင်း နှင့် ဆက်စပ် ပစ္စည်းများအား အန္တရာယ် ကင်းရှင်းအောင် (သက်မဲ့) ပြုလုပ်၍ လုပ်ထုံး လုပ်နည်း နှင့်အညီ စနစ်တကျ အပ်နှံ စေခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger