www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 3, 2014

မြန်မာ-ဂျပန်အသင်း၏ ပညာရည် ထူးချွန်ကျောင်းသား ကျောင်းသူများ ဂျပန်နိုင်ငံလေ့လာရေး အစီအစဉ် ၂၀၁၄ အဆိုပြုလွှာများ ခေါ်ယူ


ရန်ကုန် ၊ ၃-၇-၂၀၁၄

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့အကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့မှု အနှစ်(၆ဝ) ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု အဖြစ် မြန်မာ - ဂျပန်အသင်း (MJA) မှဦးစီး၍ ၂ဝ၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ အနက်မှ ၂ဝ အား ရွေးချယ်ပြီးလျှင် '' မြန်မာ - ဂျပန် အသင်း၏ ပညာရည် ထူးချွန် ကျောင်းသား၊ ကျောင်းသူများ ဂျပန်နိုင်ငံ လေ့လာရေး အစီအစဉ်'' အဖြစ် ဂျပန်နိုင်ငံသို့ ၇ ညအိပ် ၈ ရက် လေ့လာရေး ခရီးစဉ်အား ၂ဝ၁၄ ခုနှစ် စက်တင်ဘာ လဆန်းတွင် စေလွှတ်သွားမည် ဖြစ်သည်။

အဆိုပါ အစီအစဉ် အတွက် ထူးချွန် ကျောင်းသား၊ ကျောင်းသူ များအား ရွေးချယ်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ (နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ) အလိုက်မှ သိပ္ပံ ဘာသာတွဲဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးစီဖြင့် ၁၅ ဦး နှင့် ဝိဇ္ဇာ ဘာသာတွဲဖြင့် မြန်မာ တစ်နိုင်ငံလုံး တွင် ထူးချွန်စွာ အောင်မြင် ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦး ပေါင်း၂ဝ အား ရွေးချယ် သွားမည် ဖြစ်သည်။

၂ဝ၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့ သူများ အနက်မှ အမှတ်စာရင်း များ အလိုက် ထူးချွန် ကျောင်းသား၊ ကျောင်းသူများ အား ပဏာမ အဆင့် စာရင်းဝင် သူများအဖြစ် သတ်မှတ် ရွေးချယ်၍ မြန်မာ - ဂျပန် အသင်းမှ ဆက်သွယ် အကြောင်းကြား လျက်ရှိပြီး နောက်ဆုံး အဆင့်ကို စိစစ်ရွေးချယ် ဆောင်ရွက် သွားမည် ဖြစ်သည်။

ပဏာမ အဆင့် စာရင်းဝင် ပါရှိသူ ကျောင်းသား၊ ကျောင်းသူ များသည် ''လေ့လာရေး အစီအစဉ် အတွက် သတ်မှတ် ထားသော အဆိုပြုလွှာ ပုံစံများ'' ကို ပြည်နယ် နှင့် တိုင်းဒေသကြီး များရှိ ပညာရေးမှူးရုံး များတွင် ဖြစ်စေ၊ မြန်မာ-ဂျပန် အသင်း ရန်ကုန်ရုံးတွင် ဖြစ်စေ ဆက်သွယ် ရယူပြီး မြန်မာ-ဂျပန် အသင်းရုံး ရန်ကုန်မြို့သို့ ဇူလိုင် ၁၅ ရက် အရောက် ပေးပို့ လျှောက်ထား ကြရမည် ဖြစ်သည်။ လူတွေ့ စစ်ဆေးမှုများ အတွက် ဆက်သွယ် အကြောင်းကြား မည်ဖြစ်သည်။ ပဏာမ အဆင့်စာရင်း ဝင်ပါရှိသူများ အနေဖြင့် အဆိုပြုလွှာ များထုတ်ယူ၊ လျှောက်ထားမှု နှင့် စပ်လျဉ်း၍ သိရှိစုံစမ်း လိုပါက မြန်မာ-ဂျပန် အသင်း အမှတ် (၃၄/၄၉) ၃ လွှာ (တတိယထပ်) မဟာဗန္ဓုလ ပန်းခြံလမ်း ကျောက်တံတား မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖုန်း- ဝ၁- ၃၇၂၉၇၇- ၈ဝ (လိုင်းခွဲ-၁၂ဝ)၊ ဖုန်း- ဝ၉- ၈၇ဝဝ ၃၄၅၊ ဖုန်း- ဝ၉- ၄၂ဝဝ ၁၈ဝ၃၁ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger