www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 7, 2014

မဟာကရုဏာရှင်များ၏ အဆုံးအမ နှင့်အညီ လိုက်နာကျင့်ကြံ


မဟာကရုဏာရှင်များ၏ အဆုံးအမ နှင့်အညီ လိုက်နာကျင့်ကြံ

မဲခေါင်မြစ်ဝှမ်း ဒေသတွင်း နိုင်ငံများ၌ ရာသီဥတု ပြောင်းလဲ မှုကြောင့် ကြုံတွေ့ ရသော အခက်အခဲ များမှ ကျော်လွှား နိုင်ရန် ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးကို ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့တော်၌ ဧပြီ ၂ ရက် တွင် စတင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် လျင်မြန်စွာ တိုးတက် လာသော လူဦးရေ အတွက် သောက်သုံးရေ၊ စွမ်းအင်နှင့် ရိက္ခာ လုံလောက်စွာ ရရှိရေး တို့ကို အဓိက ဆွေးနွေး ခဲ့ကြသည်။

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ် များကြောင့် မဲခေါင်ဒေသ တွင်း နိုင်ငံများ ကြုံတွေ့ နေရသော ပြဿနာ များမှာ ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာခြင်း၊ ရေလွှမ်းမိုးခြင်း နှင့် မိုးခေါင် ရေရှားခြင်း၊ အပူရှိန် မြင့်တက်သည့် ကာလ ကြာရှည် လာခြင်းနှင့် သောက်သုံးရေ အချိန်မီ မရရှိခြင်း စသည်တို့ ဖြစ်သည်။ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ မှုကြောင့် တွေ့ကြုံ ရသော စိန်ခေါ်မှု များမှာ မဲခေါင်မြစ်ဝှမ်း ဒေသတွင်း နိုင်ငံများ၌ သာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံ များ၌ပါ ကြုံတွေ့နေကြရ သဖြင့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အားလုံး ပူးပေါင်း ဖြေရှင်းကြရန် ကြိုးပမ်း နေကြ ရသည်။ ဤသို့ သဘာဝ ဘေးအန္တရာယ်၏ စိန်ခေါ်မှု များအပြင် လူတို့ ဖန်တီးသော ပဋိပက္ခများ ကလည်း မြွေပူရာ ကင်းမှောင့် ဖြစ်ရ ပြန်သည်။

ကမ္ဘာ့ အသိုင်းအဝိုင်း ဝင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သ ည်လည်း အလားတူ စိန်ခေါ်မှုများ ကြုံတွေ့ နေရသည် ဖြစ်ရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် မတ် ၁၆ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်နှစ်ချင်း ခရစ်ယာန် အဖွဲ့ချုပ်ရုံး သို့ ရောက်ရှိစဉ် ခရစ်ယာန် အသင်းတော် ပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင် များနှင့် တွေ့ဆုံ ခဲ့သည်။ နိုင်ငံတော် သမ္မတက ''မိမိတို့သည် ရှေးပဝေသဏီ ကတည်းက မတူကွဲပြား သော ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း နှင့် အတူတကွ ယှဉ်တွဲ နေထိုင်ခဲ့ ကြခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ လက်ရှိ ကျင့်သုံး နေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင်လည်း နိုင်ငံသားတိုင်း ၏ တန်းတူ ညီမျှမှု၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှု၊ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားမှု တို့ကို အာမခံချက် ပေးထားပြီး ဖြစ်ပါကြောင်း၊ လူမျိုးဘာသာ ဘယ်လိုပဲ ကွဲပြားစေကာမူ တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ ညီညွတ်ခြင်း၊ ချမ်းသာခြင်း တို့သည် မိမိတို့ အားလုံး၏ တူညီသော ပန်းတိုင် ဖြစ်ပါကြောင်း၊ မတူ ကွဲပြားမှု များကို စုပေါင်း စွမ်းအား အဖြစ် ပြောင်းလဲ နိုင်ရန်၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နှင့် ညီညွတ်မှု Unity in Diversity ကို တည်ဆောက် သွားနိုင်ရန် အထူးပင် အရေးကြီး နေပြီ ဖြစ်ပါကြောင်း၊ ဘုရားရှင် တိုင်းသည် မဟာ ကရုဏာရှင် များ ဖြစ်ကြ သကဲ့သို့ ဘာသာတရား တိုင်းသည်လည်း ငြိမ်းချမ်းရေး ကို မြှင့်တင် ဖော်ဆောင် နေကြခြင်း ဖြစ်ပါကြောင်း၊ ဘုရားသခင်၏ နာမတော်၌ ကောင်းချီး မင်္ဂလာ ရောက်ပါ စေကြောင်း'' ဖြင့် ပြောကြားသည်။

သို့ဖြစ်၍ ပဋိပက္ခများ ကင်းဝေးစေရန် မဟာ ကရုဏာရှင် များ၏ အဆုံးအမ နှင့်အညီ တိုင်းရင်းသား ပြည်သူ အပေါင်း တို့က လိုက်နာ ကျင့်ကြံကြကာ ငြိမ်းချမ်း သာယာသော လူနေမှု ဘဝကို တည်ဆောက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger